အခန်း(၁၀၇)

1.2K 172 4
                                    

Unicode
မိုးကြိုးအဆိပ်ဖြေ မှော်ပညာရပ်

မွှေးရနံ့တောင်သို့ ပြန်လာပြီးနောက် ပိုင်ရှောင်ချန်း ၏စိတ်ခံစားချက်သည် အနည်းငယ် ပြင်းထန်လာခဲ့ သည်။ သူ့အိတ်ထဲတွင် ထူးဆန်းသော ဆေးလုံးများ
စွာရှိနေဆဲပင် ဖြစ်သော်လည်း တစ်ခုကိုမျှ ထုတ်၍ မစမ်းသပ်ရဲချေ။ ဂိုဏ်း၏တောင်တက်လမ်းတစ်လျှောက် တက်လာခဲ့ချိန်တွင် အခြားဂိုဏ်းသားများ သည် သူ့အားအကြည်စိမ်းဖြင့်ကြည့်သူက ကြည့်ကာ အလွန်မုန်းတီးစွာဒေါသဖြင့် စိုက်ကြည့်သူကကြည့်ကြလေသည်။

“ငါ့အိပ်မက်တွေနောက်ကိုလိုက်ဖို့ ဘာလို့ အဲ့လောက် ခက်ခဲနေရတာလဲ” သူတွေးလိုက်မိသည်။ “ဒါက ငါ့အပြစ်တော့ဟုတ်ဟန်မတူဘူး။ ဦးလေးလီ
က ငါ့ကို စမ်းသပ်ရာမှာ အာရုံစိုက်ဖို့ပြောခဲ့တာပဲ။...” သက်ပြင်းချလိုက်ကာသူ၏အင်မော်တယ် ဂူသို့ ရောက်သည်အထိ လမ်းလျှောက်လာခဲ့ပြီး ထိုင်လျက် ငေးမောနေမိတော့သည်။

ထိုနှစ်အစောပိုင်းတွင် ပိုင်ရှောင်ချန်းသည် ဆေးဖော်စပ်ရာတွင် အသံမြည်နေသည့်ပြသာနာနှင့် ပတ်သက်၍မေးခွန်းများမေးရန် လီချင်းဟောက်ထံသို့ မကြာခဏသွားရောက်ခဲ့သည်။ လီချင်းဟောက်သည် မေးခွန်းများကြောင့် အံ့အားသင့်သွားလေ့ရှိသည်။
ပိုင်ရှောင်ချန်း၏ တာအိုဆေးပညာကိုနှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရာ၌ သိနားလည်နိုင်စွမ်းသည် အခြားနယ်လှည့် သမားတော်များထက် တမူထူးခြားလေသည်။

ပိုင်ရှောင်ချန်း၏ မယုံကြည်နိုင်ဖွယ်ကောင်းသော ​ကျောက်တိုင်ထိပ်မှ ရလာဒ်များနှင့် ပေါင်းစပ် လိုက်ချိန်တွင် လီချင်းဟောက်သည် စိတ်ဝင်တစား ​မျှော်လင့်​နေမိ​တော့သည်။ သို့သော် လူတိုင်းတွင် တာအိုဆေးပညာနှင့် ပတ်သက်၍ အသိအမြင်အမျိုးမျိုးရှိကြသည် ဖြစ်ရာ လီချင်းဟောက်သည် ပိုင်ရှောင်ချန်း၏ မေးခွန်း
တစ်ခုကိုမှ မဖြေတတ်ချေ။ ထို့အစား သူသည် ကိုယ်ပိုင် စမ်းသပ်မှုများလုပ်ရန်သာ တိုက်တွန်းလေသည်။ ထိုသို့ လုပ်ဆောင်ရင်းမှ သူ့ကိုယ်ပိုင် တာအိုဆေးပညာနယ်ပယ်ကို ချဲ့ထွင်နိုင်ပေလိမ့်မည်။ သူသည် ​ရှေ့မှ လူများ၏လမ်းစဥ်အတိုင်းလိုက် ၍ လုပ်ဆောင်ခဲ့လျှင် တာအိုဆေးပညာ၏ ဆရာတစ်ဆူအဖြစ် မည်သည့်အခါမျှ သူ့ကိုယ်သူ နာမည်တပ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် ဆေးလုံးအများစု၏မူလ​ဖော်စပ်နည်းများသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စမ်းသပ်ပြုလုပ်ချက်များ၏ အကျိုးရလာဒ်ဖြစ်သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Donde viven las historias. Descúbrelo ahora