ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း(၅၂)
လောချိန်မျိုးနွယ်စု၏ သစ္စာဖောက်မှုလောချိန်မျိုးနွယ်စုစံအိမ်ကြီး၏ အောက်ခြေတွင် သင်္ချိုင်းဂူကြီးတစ်ခု ရှိနေလေသည်။ ထို သင်္ချိုင်းဂူကြီး၏ တစ်နေရာတွင် သွေးများဖြင့် ပလုံစီထနေသော ကန်ကြီးတစ်ခုရှိပြီး ထိုကန်ထဲတွင် မရေမတွက်နိုင်သော အရိုးစုများက ပေါလောပေါနေသည်။
ထို သင်္ချိုင်းတစ်ခုလုံးကို အစီအရင်တစ်ခုဖြင့် ကာကွယ်ထားသည်ကို မြင်နိုင်သည်။ရေကန်ကြီး၏ပတ်ပတ်လည်တွင်ကား လောချိန်မျိုးနွယ်စုဝင်များက ဒူးတုပ်ကာ ထိုင်နေကြသည်။ မျိုးနွယ်စုထဲရှိ လူကြီးလူငယ်၊ အပျိုအအိုများက ထိုအစီအရင်ထဲရှိ သော့ချက်နေရာများတွင် ဒူးထောက်နေကြသည်။
သူတို့က အခမ်းအနားတစ်ခုကျင်းပနေသည့်အလား သူတို့၏ညာဖက်လက်ကို လှီးဖြတ်ကာ သွေးများကို ထိုသော့ချက်နေရာများပေါ်သို့ လောင်းချလိုက်သောအခါ သွေးများက အလည်ရှိ ကန်ကြီးထဲသို့ စီးဆင်းသွားတော့သည်။
ထိုကန်ကြီး၏ အလယ်တည့်တည်တွင်မူ အဘိုးကြီးတစ်ယောက်က တင်ပျဥ်ခွေထိုင်နေသည်။ သူ၏ဆံပင်များမှာ ရှည်လျားကာ ဖြူဆွတ်နေပြီး သူ၏အသွင်အပြင်မှာ ဒေါသထွက်မနေတာတောင်မှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူအသက်ရှူလိုက်တိုင်း ကန်ထဲရှိ သွေးများက ပလုံစီထလာသည်။ရုတ်တရက်ကြီး ထိုအဘိုးကြီး၏မျက်လုံးများမှာ ပွင့်လာပြီး သွေးရောင်များဖြင့်တောက်ပနေသည်။
" အပြင်မှာ ဘာတွေဖြစ်နေတာလဲကွ။" သူက စိတ်တိုတိုနှင့် အေးတိအေးစက်မေးလိုက်သည့်အသံမှာ သင်္ချိုင်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
သူ၏အနီးဆုံးတွင်ရှိနေသော အဖွဲ့ဝင်မှာ ခြံဝန်းထဲတွင် ပိုင်ရှောင်ချန်းနှင့် အပေါင်းပါများကို သတ်ရန်ကြိုးပမ်းခဲ့သော လူငယ်နှင့် တစ်ရုပ်ထဲဖြစ်သော လူငယ်တစ်ယောက်ဖြစ်သည်။ သူကရှေ့တိုးကာ တိုးတိတ်စွာပြောလိုက်သည်။" ခေါင်းဆောင်ခင်ဗျာ... စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ဂိုဏ်းသား၃ယောက် ပေါ်လာတာပါ။ အဖြစ်ပျက်တွေက မြန်လွန်းလို့ ကျွန်တော်ပြင်ဆင်ချိန် မရလိုက်တာပါ။ အခုလုပ်နေတဲ့ ကိစ္စကြီးကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော်က အပြင်မှာရှိတဲ့ ကျွန်တော့်ရဲ့ ရုပ်သေးခန္ဓာကိုယ်ရယ် အစီအရင်အကာအကွယ်ရယ်နဲ့ အခြား ရုပ်သေးတွေကိုသုံးပြီး သူတို့ကိုသတ်ဖို့ ကြိုးစားလိုက်တာ။ ကျွန်တော်အသုံးမကျလို့ ၁ယောက်ပဲ အသေသတ်နိုင်လိုက်တယ်။ ကျန်တဲ့၂ယောက်က လွတ်သွားပြီး ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့ဖမ်းထားတဲ့ ဂိုဏ်းသားကိုပါ သူတို့ကယ်သွားသေးတယ်။"
ESTÁS LEYENDO
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
De TodoUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...