Unicode
ရှောင်ချန်း…မင်းကို ငါတို့ယုံတယ်။ဝိညာဉ်ကျောက်တုံး ၃ထောင်ဆိုသောအတွေးနှင့် ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးနေတော့သည်။ သူကဟိုရှောင်မေ့ကို တောက်ပနေသောမျက်လုံးများဖြင့်ကြည့်နေပြီး ချက်ချင်းပြေးသွားကာ သူမကိုဖက်ပြီး လက်မအခေါက်၃ထောင်ခန့်ထောင်ပြ၍ ' ညီမလေးလုပ်တာ ကောင်းတယ် ' ဟုပြောချင်စိတ်များ တဖွားဖွားပေါ်လာသည်။
ဟိုရှောင်မေ့က ကြေးကြီးခေါ်လိုက်သောအခါ ကျန်ဂိုဏ်းသားများမှာ ဆူညံပူညံလုပ်နေခြင်းများရပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ခါးပေါ်လက်တင်ကာ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသော အသားဖြူဖြူ ပိန်ပိန်ပါးပါးနှင့် ဟိုရှောင်မေ့ကို သူတို့မြင်လိုက်ရသည်။ သူမသည်လှပသည့်တိုင် မာနကြီးသည့်အရိပ်အယောင်များ မျက်နှာထက်တွင် ပေါ်ထွက်နေကာ ငရုတ်ကောင်းအလား ရှူးရှူးရှဲရှဲဖြစ်နေသည်။
သူမသည် မေးငေါ့ရင်း ' ငါက ဟိုမျိုးနွယ်စုကနော်။ ဘယ်သူ့ကိုမှ ကြောက်နေမှာမဟုတ်ဘူး။ ပြီးတော့ ငါကချမ်းသာတယ်' ဆိုသော အကြည့်ဖြင့် ကျိုးရှင်းချီကို လှမ်းကြည့်လိုက်သည်။
ထိုအမူအရာမှာ စိတ်တိုချင်စရာမကောင်းသည့်အပြင် သူမကို ပို၍ချစ်စရာကောင်းအောင် ဖန်တီးပေးနေတော့သည်။
လူအနည်းငယ်မှာ ဤမြင်ကွင်းကိုကြည့်၍ ပြုံးစိစိဖြစ်ကုန်ကြသည်။ အခြားလူများကမူ ပို၍ပင်တုန်လှုပ်နေကြသည်။
" ဝိညာဉ်ကျောက်တုံး ၃၀၀၀ " ကျိုးရှင်းချီက အေးစက်စွာပြောလိုက်သည်။ သူမ၏အမူအရာက အတော်လေးတင်းမာလာ၏။
" ဒီလိပ်ကလေးက ကျွန်မအတွက် အရမ်းအရေးကြီးတာ။ ဘယ်လောက်စျေးကြီးကြီး ဂရုမစိုက်ဘူး။ သူဖော်စပ်ထားသမျှဆေးတွေအကုန် ကျွန်မပိုင်မှရမယ်။ ဟွန့်။ အတုံး၄ထောင်ပေးမယ်ရှင်။ ကျွန်မက ဟိုမျိုးနွယ်စုက ပြီးတော့ သုံးစရာဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိတယ်။"
ထိုနောက်ဆုံး အကြောင်းကို သူမက ပို၍ပင် လေသံမာမာနှင့်ပြောလိုက်လေသည်။ သူမ၏ဘေးရှိ ဟိုယွင်ဖေးကမူ အားနာနာဖြင့် ခေါင်းငုံ့ထားနေတော့သည်။ သူ၏ညီမမှာ မည်သည့်အတွက်ကြောင့် လိပ်ကလေးကို ထိုကဲ့သို့ နက်ရှိုင်းစွာ လေးစားကိုးကွယ်ရသည်ကို မသိနိုင်အောင် ဖြစ်နေသည်။
YOU ARE READING
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
RandomUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...