#Unicode
ဒါ...ဒါ ဝါးပင်တဲ့လား။
ဝါးပင်ကြီးမှာ အလွန်ပင်လေးလံလှပြီး ၁၀ပင် သယ်လာရသည်။ ထို့အပြင် တောင်အတက်လမ်းလည်းဖြစ်လေရာ ပိုင်ရှောင်ချန်းမှာ ဟောဟဲဆိုက် နေတော့သည်။ ထပ်ခါထပ်ခါ စဥ်းစားမိလေ သူ့အတွက် မမျှတလေဟူ၍ ပိုပိုခံစားလာရသည်။
"ငါလေး အင်မော်တယ်ဖြစ်ဖို့ကျင့်တာ ထာဝရအသက်ရှင်နေနိုင်အောင်လို့ပါကွာ။ ဘယ်နှယ့်ကြောင့်များ တိုက်ခိုက်သတ်ပုတ်နေရမှာလဲ။ ဟူး......"
" ဒီဝါးပင်တွေက နည်းနည်းစောင့်လိုက်ရင် ပိုရှည်လာနိုင်သေးတယ်။ ဒါပေမဲ့ အခုချက်ချင်း စွမ်းဆောင်မှုရမှတ်တွေ လိုနေတာဆိုတော့လည်း မတတ်နိုင်ဘူး။ "
အဖြစ်အပျက်များကိုစဥ်းစားမိလေ သူ့အတွက်မမျှတဟူ၍ တွေးကာ ပို၍ စိတ်ရှုပ်လာလေသည်။ သက်ပြင်းချကာ တောင်တက်လမ်းတစ်လျှောက် ဝါးပင်များကို 'မ' သွားတော့သည်။
ထိုအချိန်တွင် မွှေးရနံ့တိမ်တောင်၏ စီမံရေးရာအဆောင်အပြင်ဘက်တွင် အပြင်စည်းဂိုဏ်းသားများစွာ စုရုံးနေကြသည်။ သူတို့၏ လက်များထဲတွင် စွမ်းဆောင်မှုရမှတ်များနှင့် လဲလှယ်မည့် အမျိုးမျိုးသော ဆေးပင်များနှင့် ပြည့်နှက်နေသည်။
မွှေးရနံ့တိမ်တောင်၏ အကြီးအကဲတစ်ယောက်မှာ ထိုလဲလှယ်မည့်ပစ္စည်းများကို စစ်ဆေးရန် ရောက်နေ၏။ လဲလှည့်မည့်ပစ္စည်း၏ အရည်အသွေးပေါ်မူတည်၍ ပေးမည့် စွမ်းဆောင်မှုရမှတ် ပမာဏကို ဆုံးဖြတ်သည်။
ထိုအဆောက်အဦ၏ အပြင်ဘက်နားတွင် ကြီးမား၍ ပြန့်ကားနေသော ကျောက်ဆောင်ကြီးတစ်ခုရှိပြီး ထိုအပေါ်တွင် နီမြန်းသောအသားရည်နှင့် ဆံဖြူအဘိုးကြီးတစ်ယောက်က တင်ပျဥ်ခွေထိုင်နေသည်။ သူ့ရှေ့တွင် အဆုံးမရှိလောက်အောင် ရှည်လျားသောလူတန်းကြီးရှိပြီး ဂိုဏ်းသားများက လက်ထဲတွင် ဝိညာဥ်အပင်များကိုကိုယ်စီကိုင်ကာ တန်းစီစောင့်နေကြသည်။ အဘိုးကြီးက သူ၏သုံးသပ်ချက်ကိုပေးပြီးသောအခါ လူငယ်လက်ထောက်လေးတစ်ယောက်က ထိုအချက်အလက်များကို မှတ်သားပြီး စွမ်းဆောင်မှုရမှတ်များကို ထုတ်ပေးသည်။
ESTÁS LEYENDO
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
De TodoUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...