အခန်း(၃၃)

1.3K 215 0
                                    

Unicode
အရည်အချင်းကင်းမဲ့သော ပိုင်ရှောင်ချန်း

ဘေးနားရှိ အပြင်စည်းဂိုဏ်းသားများများနှင့် အထူးသဖြင့် ပြိုင်ပွဲမှထုတ်ပယ်ခံလိုက်ရသော ဂိုဏ်းသားများက ပိုင်ရှောင်ချန်းကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။ လူအများစုမှာ စတင်အော်ဟစ်နေကြတော့သည်။

"အရှက်မရှိလိုက်တာကွာ။ မင်းတော်တော် အရှက်တရားကင်းမဲ့တဲ့ ကောင်ပဲကွ ပိုင်ရှောင်ချန်းရ။"

"အဲ့ဒီနည်းနဲ့နိုင်တာ ဘောင်မဝင်ဘူးကွ။ ငါတို့အကုန်အသိပဲ။"

" သူ့ကို ပြိုင်ပွဲကနေထုတ်ပေးပါ။"

လူအုပ်ကြီးဆီမှ မကျေမနပ် ဒေါသတကြီး ဆဲဆိုသံများထွက်လာသဖြင့် ပိုင်ရှောင်ချန်းပင်လန့်၍ ထခုန်မိသည်။ ဤအချိန်တွင် သူ၏ လေးလံရာမှသည်ပေါ့ပါးခြင်းဆီသို့အတတ်ကို ထုတ်ကြွားလိုက်လျှင် ပရိတ်သတ်မှာ ဒေါသမီးများတိတ်သွားမည်မဟုတ်ပဲ အခြေအနေ ပို၍ပင်ဆိုးသွားနိုင်ကြောင်း သူသိလိုက်သည်။ ထို့​ကြောင့် သူက အကြီးအကဲစွန်းဘက်သို့ လှည့်၍ ခပ်မြန်မြန်ပြောလိုက်သည်။

"အကြီးအကဲစွန်း။ ကျွန်တော် ပထမ ရတာမလား။ အခုပဲ ကြေငြာပေးလိုက်ပါတော့ဗျာ။"

အကြီးအကဲစွန်းကမူ ခြောက်ကပ်ကပ် ပြုံးပြလိုက်သည်။ လီချင်းဟောက်မှာလည်း ပိုင်ရှောင်ချန်းကို ပြိုင်ပွဲဝင်ပြိုင်ခိုင်းရာတွင် ပထမရသွားမည်ဟု ထင်မှတ်ထားခြင်းမရှိခဲ့ပေ။

အကြီးအကဲစွန်းမှာ ခေါင်းခါပြီး ရယ်လိုက်ကာ

" အာ.... ဒီလိုပဲလုပ်ရတော့မှာပဲ။ ပြိုင်ပွဲမှာ ပထမ ရရှိသွားသူကတော့ ပိုင်ရှောင်ချန်းဖြစ်ပါတယ်။" ဟု ကြေငြာလိုက်သည်။

ထိုအခါ လူတိုင်းက ပိုင်ရှောင်ချန်းကို ဒေါသတကြီး ဝိုင်းကြည့်နေကြသ​ည်။

ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ အမှန်တကယ်ထက်မြက်သူဟု သတ်မှတ်ထားသော်လည်း ပရိသတ်လူအုပ်ကြီးမှာ များလွန်းလှ၍ ကြောက်ဒူးတုန်လာတော့သ​ည်။ သူ ဤအန္တရာယ် အပေါင်းလွှမ်းခြုံနေသောကွင်းကြီးထဲမှ သူထွက်ခွာရန်ပြင်လိုက်စဥ်မှာပဲ ဘေးကရပ်ကြည့်နေသူများ၏ ကူညီဖေးမမှုကြောင့် တုလင်ဖေးမှာ ပြန်သတိလည်လာပြီး ထထိုင်လိုက်လေသ​ည်။ သူမသည် အံကြိတ်လျှက် အသက်ပြင်းပြင်းရှူကာ ပိုင်ရှောင်ချန်းကို ဒေါသတကြီးကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now