အခန်း(၇၅)

1.2K 206 6
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း ( ၇၅ )
ကျနော့်ကို မှားပြီးစွပ်စွဲနေတာပါ....

ထိုတုန်လှုပ်ဖွယ်အော်သံကြီးကြောင့် ဘေးနားရှိသစ်ပင်များကပါ တုန်ခါသွားကြသည်။ သစ်ရွက်များကြွေကျလာပြီး တဟူးဟူးတိုက်ခတ်နေသောလေများကြောင့် လေထဲတွင်ရှေ့နောက် ဝဲပျံနေတော့သည်။

ထိုဒေါသတကြီးအော်သံကြီးကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ကြောက်လန့်လွန်း၍ ထခုန်လုမတတ်ပင်ဖြစ်သွားသည်။ မော့ကြည့်လိုက်သောအခါ လေထဲတွင်ပျံဝဲနေသည့် သွေးကြောကြီးများထောင်ထနေသော ဆံပင်အဖြူရောင်နှင့် အကြီးအကဲကျိုးကို မြင်လိုက်ရသည်။

အကြီးအကဲကျိုးမှာ သားရဲတစ်ကောင်နှင့်တူနေပြီး လွန်ခဲ့သောတစ်လက ဖီးနစ်ငှက်၏ပုံစံနှင့်ပင် ခပ်ဆင်ဆင်ဖြစ်နေသည်။
 
" ပိုင်ရှောင်ချန်း။ ငါ့ဖီးနစ်ငှက်ကို နာကျငအောင်လုပ်တာ မင်းမလား။ ဒီနေ့ လီချင်းဟောက်လာတားဖို့ ကြိုးစားရင်တောင်မှ မင်းကို သင်ခန်းစာ ကောင်းကောင်းရအောင်ပေးမယ်။" သူက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ညာလက်ကိုဆန့်ထုတ်ကာ ပိုင်ရှောင်ချန်းရှိရာအရပ်ကို လှမ်း၍ဖမ်းဆုပ်လိုက်သည်။

ထိုဖမ်းဆုပ်ချက်ကြောင့် ပိုင်ရှောင်ချန်း၏ဘေးနားရှိလေထုမှာ မာကျောသွားသည်။ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်နေပြီ သနားစဖွယ် အော်ဟစ်လိုက်သည်။ သူ၏အရေပြားမှ ငွေရောင်အလင်းတန်းတစ်ခုပေါ်ထွက်လာပြီး တချိန်ထဲမှာပင် သူကနတ်ကြိုးကြာဒိုင်းကာများ​ကို သုံးလိုက်သည့်အတွက် အဖြူရောင်အလင်းတန်းတစ်ခုလည်း ပေါ်ထွက်လာသည်။ ခပ်လှမ်းလှမ်းမှကြည့်လျှင် ကြက်ဥအခွံတစ်ခုနှင့်ပင် ဆင်တူလေသည်။

" ကျုပ်ကို လိုက််သတ်နေပါတယ်ဗျို့။ ကျုပ်ကို လိုက်သတ်နေတယ်ဗျ။" သူ့ကို့ အလင်းရောင်များဖုန်းလွှမ်းသွားသောအခါ သူက အကြီးအကဲကျိုး၏ဖိအားများကို လျစ်လျူရှုကာ အရှိန်ကုန်တင်ပြီး ထွက်ပြေးသွားတော့သည်။

" အမ် " ထိုမြင်ကွင်းကိုမြင်သော် အကြီးအကဲကျိုး ကြောင်သွားသည်။ သူသည် အခြေခိုင်မာခြင်းအဆင့်တွင်ရှိသည်ဖြစ်၍ စွမ်းအားအကုန်ထုတ်မသုံးထားပေ။ သို့သော်လည်း ထိုတစ်စိတ်တစ်ပိုင်းသောစွမ်းအားလေးနှင့်ပင် ချီစုစည်းမှုအဆင့်ကျင့်ကြံသူများကို ထွက်မပြေးန်ိုင်အောင် ချုပ်ထားနိုင်မည်ဖြစ်သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now