အခန်း(၄၀)

1.5K 228 0
                                    

အထွတ်အထိပ်ထိ လိုက်လံခြင်း

ပိုင်ရှောင်ချန်းမှာ လေကလေးချွန်ရင်း ဂိုဏ်းသို့ ပျော်ရွှင်စွာ ပြန်လာသည်။ သူ၏ခြံဝန်းထဲသို့ရောက်သောအခါ သူ သက်ပြင်းချလိုက်သည်။

" ငါအင်မော်တယ်ဖြစ်ဖို့ကျင့်တယ်ဆိုတာ ထာဝရရှင်သန်နိုင်အောင်လို့ပါကွာ။ အဲ့လိုမျိုးတိုက်ခိုက်သတ်ဖြတ်နေတဲ့ကောင်တွေက ကျပ်မပြည့်တွေပဲနေမှာ။ "

ခြံဝန်းထဲတွင်သူကထိုင်ချလိုက်ကာ ချန်ဖေးနှင့်သူ၏သူငယ်ချင်းများထံမှ ယူလာသောပစ္စည်းများကို စစ်ဆေးလိုက်သည်။

သူတို့သည်လည်း အချမ်းသာကြီးမဟုတ်သည့်အတွက် ပိုင်ရှောင်ချန်းမှာ အများကြီး မရလိုက်ပေ။ ပစ္စည်းများကိုစစ်ဆေးပြီးသွားသောအခါ သူ ဝယ်လာသော ဆေးပင်များကိုထုတ်လိုက်ပြီး အချိန်တစ်ခုပေးကာ ဂရုတစိုက်ကြည့်ရှုစစ်ဆေးလိုက်သည်။

အပင်နှင့်အသီးအရွက်တွဲမှာ သူကကျွမ်းကျင်ပါသော်လည်း အပင်များကိုလက်တွေ့ကိုင်တွယ်ရာတွင် အတွေ့အကြုံအများကြီး မရှိသေးပေ။ ယခု သူကိုယ်တိုင်ကိုယ်ကျ စစ်ဆေးနိုင်သောအခါတွင်မူ သူ၏တွေ့ရှိချက်များက သူ့ဦးနှောက်ထဲတွင်ရှိနှင့်ပြီးသားဖြစ်သော အချက်အလက်များနှင့် ပေါင်းစပ်သွားသည်။ အချို့အပင်များ၏အပေါ်ယံကိုပင် သူက ကုတ်ဖဲ့ကာ အတွင်းပိုင်းများအထိလေ့လာလိုက်သည်။

စစ်ဆေးမှုအနည်းငယ်လုပ်ပြီးသောအခါ ပိုင်ရှောင်ချန်းက အတွေးများထဲတွင်နစ်မျောနေသော မျက်နှာထားဖြင့် သူဝယ်လာသော ဆေးဖော်စပ်နည်း၂မျိုးကို ထုတ်လိုက်သည်။ စိတ်စွမ်းအင်ဖြည့်တင်းပေးသော ဆေးဖော်စပ်နည်းကိုကြည့်ပြီးသွားသောအခါ ခန္ဓာကိုယ်ဖွံ့ဖြိုးစေလိုသောလူသားများအတွက် ဖန်တီးထားသောဆေးဖော်စပ်နည်းကို အာရုံစိုက်ကာလေ့လာလိုက်သည်။

" အသက်ရှည်အမွှေးတိုင်..."

သူက တီးတိုးလေးရေရွတ်လိုက်သည်။ ထိုဆေးဖော်စပ်နည်းမှာ ဆေးပင်အများကြီးမလိုအပ်ပဲ ၇ပင်သာလိုအပ်သည်။ ထို့အပြင် ထိုအပင်များကို ရောစပ်ရာတွင်လည်း ထူးထူးခြားခြားသတိထားစရာမရှိပေ။ သို့သော်လည်း အပြန်အလှန်အားဖြည့်ခြင်းနှင့် ဖိနှိပ်ခြင်းနည်းလမ်းများကိုသုံးကာ ထိုဆေးပင်၇မျိုးမှ စွမ်းအားကိုထုတ်ယူနိုင်ပြီး သူတို့ကိုအမှုန့်ကြိတ်၍ အမွှေးတိုင်အဖြစ်ပြောင်းလဲနိုင်သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Tahanan ng mga kuwento. Tumuklas ngayon