အခန်း(၈၇)

1.3K 190 5
                                    

ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း ( ၈၇ )
အပြင်စည်းဂိုဏ်းလက်ရွေးစင်တိုက်ပွဲများ

နေ့ရက်များ တရွေ့ရွေ့ကုန်ဆုံးသွားလေပြီ။ ပိုင်ရှောင်ချန်းသည် အခန်းပြင်သို့ တစ်ဖဝါးမှမခွာဘဲ တရားထိုင်လျက်ရှိသည်။ ဆယ်ရက်ကြာသောအခါ ဂိုဏ်းတစ်ခုလုံးကို ခေါင်းလောင်းသံများက လွှမ်းခြုံသွားပြီး ရှောင်ချန်း၏ ကျောက်စိမ်းပေလွှာ မှာလည်း တုန်ခါလာတော့သည်။

တောင်ပိုင်းနှင့် မြောက်ပိုင်းမှ လက်ရွေးစင်များ၏ တိုက်ပွဲများ မကြာခင် စတင်တော့မည်။

နှစ်သုံးဆယ်ကြာလျှင် တစ်ကြိမ်ကျင်းပမြဲ ဖြစ်သည့် ထိုတိုက်ပွဲများကို ထုံးစံအတိုင်း တာအိုသစ်စေ့တောင်တွင် ကျင်းပမည်ဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးပေါ်သို့ ခေါင်းလောင်းသံများ အကြားအလပ်မရှိ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော အပြင်စည်းဂိုဏ်းသားများက ထိုတောင်ဆီသို့ ရှေးရှူ သွားကြကုန်သည်။

သာမန်အားဖြင့် တောင်ပိုင်းနှင့်မြောက်ပိုင်းသည် ပတ်ပတ်သက်သက် သိပ်မရှိကြချေ။ အဘယ့်ကြောင့်ဆိုသော် အတွင်းစည်းဂိုဏ်းသားများသာ တောင်​ဘက်နှင့်​ မြောက်ဘက်ကိုသွားခွင့်ရှိသောကြောင့်ဖြစ်သည်။ ယခုတိုက်ပွဲအတွင်း၌မူ တာအိုသစ်စေ့တောင်ကို ဖွင့်ထားပြီဖြစ်၍ တောင်ပိုင်းနှင့် မြောက်ပိုင်းမှ အပြင်စည်းဂိုဏ်းသားများက လက်ရွေးစင်များ တိုက်ပွဲကို အပြေးအလွှားလာရောက်ကြည့်ရှူကြလေသည်။

"ဒီနေ့က ငါတို့တောင်ပိုင်းရဲ့တချိန်တုံးက အရှက်ရစရာတွေကို ဆေးကြောပစ်မယ့် နေ့ပဲကွ''

"ငါတို့ တောင်ခြမ်းက ဘယ်လောက်တောင်မှ ဘုန်းတန်းခိုးကြီးတယ်ဆိုတာကို မြောက်ခြမ်းက ကောင်တွေ သိစေရမယ်''

တောင်ခြမ်းမှ အပြင်စည်းဂိုဏ်းသားမျ အလွန်စိတ်လှုပ်ရှားနေကြသည်။ တချိန်တည်းမှာပင် မြောက်ခြမ်းဂိုဏ်းသားများကလည်း ပြိုင်ပွဲသို့ လာရာလမ်းတစ်လျှောက်တွင် သူတို့ကိုယ် သူတို့ ဂုဏ်တင်မဆုံးဖြစ်နေကြသည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Donde viven las historias. Descúbrelo ahora