အခန်း(၃၉)

1.3K 206 0
                                    

Unicode

ထိုးကြိတ်ရိုက်နှက်ခြင်း

" ချန်ဖေးလား " ပိုင်ရှောင်ချန်းသည် မျက်တောင်လေး ပေကလပ် ပေကလပ်ဖြင့် ရှေ့နောက် မဆင်မခြင် ပြောချလိုက်သည်။ သူသည် ချန်ဖေးနှင့် သူ့သူငယ်ချင်းနှစ်ယောက်ကို အလျင်အမြန် အကဲခတ်လိုက်သည်။ သူတို့၏ ကျင့်ကြံမှု အခြေခံအဆင့်များကို စစ်ဆေးဆုံးဖြတ်ပြီးနောက်တွင်တော့ ချက်ချင်းစိတ်​ပြန်အေးသွားလေသည်။

"ပိုင်ရှောင်ချန်း...။ အခုချိန်မှာ ကျွန်တော့ကို ခွင့်လွှတ်ပေးပါဆိုပြီး မြေကြီးပေါ်မှာ လေးဘက်ထောက်ပြီး တောင်းပန်ရင်တောင် အရမ်းနောက်ကျသွားပြီကွ။ ငါတို့ကို အပြင်စည်းဂိုဏ်းထဲရောက်အောင် တွန်းပို့ခဲ့တာ မင်းရဲ့အကြံအစည်တွေပဲ မဟုတ်လား။ အဲ့ဒီအတွက် မင်းပြန်ပေးဆပ်ရတော့မယ်။ ငါ...ချန်ဖေး ဒီနေ့ကိုရောက်ဖို့စောင့်နေခဲ့ရတာ အင်မတန့် အင်မတန်ကြာနေပြီကွ။ " ပြောရင်း အော်ဟစ်ရယ်မောလိုက်သည်။ ချန်ဖေးသည် လက်ကို ဝှေ့ရမ်းလိုက်ရာ ချီစုစည်းမှုအဆင့်ငါးစွမ်းအားများ ပွင့်အန်ထွက်လာသည်။ ရလဒ်အဖြစ် သစ်ရွက်များသည် လေထဲတွင် လွင့်ပျံကုန်ရာ အလွန် အထင်ကြီးစရာကောင်းနေ၏။

"အပြင်စည်းဂိုဏ်းကို ရောက်ပြီးတဲ့နောက် တစ်ချိန်လုံး ငါကျင့်ကြံနေခဲ့တာ။ အခုဆိုရင် ချီစုစည်းမှု အဆင့်ငါးကိုတောင်ရောက်သွားပြီ။ ပိုင်ရှောင်ချန်း...။ မင်းကို ငါပြောပါရစေဦး။ ဒီနေ့တော့ ကြီးနိုင်ငယ်ညှင်း ဗိုလ်ကျတယ်ဆိုတာ ဘာလဲလို့ မင်းသေသေချာချာ နားလည်သွားစေရမယ်။ မင်းရဲ့ အရိုးတွေကို ချိုးပြီး အရွတ်တွေကို ဆွဲဖြဲပစ်မယ်"

အားရကျေနပ်စွာ အထက်စီးဆန်ဆန် ရယ်မောလိုက်ပြီး ချန်ဖေးသည် ညာဘက်လက်နှင့် လက်ကွက်ပုံဖော်လိုက်ရာ အစိမ်းရောင်ဓားပျံတစ်လက် ထွက်ပေါ်လာသည်။ ထိုဓားသည် ၁၅ စင်တီမီတာမျှသာရှည်ပြီး ဘေးဘက်သို့ အေးစက်စက်အငွေ့အသက်များ ဖြာထွက်နေသည်။

ချန်ဖေး၏ နောက်လိုက်နှစ်ယောက်သည် ပိုင်ရှောင်ချန်းဘေးမှ တစ်ဖက်တစ်ချက်တွင် ၀န်းရံလိုက်ပြီး ကောက်ကျစ် စဉ်းလဲစွာပြုံးရင်း သူတို့၏ ကျင့်ကြံမှုအခြေခံများနှင့်အတူ ကိုယ်ပိုင်ဓားများကို ထုတ်လိုက်ကြသည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now