အခန်း(၄၃)

1.3K 196 0
                                    

ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ.... Ergen

အခန်း ( ၄၃ )

တဖြည်းဖြည်း….တရွေ့ရွေ့

" မဟုတ်မှလွဲရော သူက လိပ်ကလေးများလားဟ။ " လူအုပ်ကြီးက ဆူညံပွက်လောရိုက်နေကြသည်။

ထိုလူများထဲတွင် အံ့အားအသင့်ဆုံးလူမှာ ပိုင်ရှောင်ချန်းကို မျက်လုံးများပေါက်ထွက်တော့မည့်အလား ပြူးကြည့်နေသည့် ရွှီပေါက်ချိုင်ပင်ဖြစ်သည်။ ဝိညာဥ်သတ္တဝါအတွဲ၃တွဲကိုပိုင်နိုင်သည်မှာ ကြီးကြီးမားမားမဟုတ်ဟု ပြောခဲ့သော ပိုင်ရှောင်ချန်းကို သူက စောစောက စက်ဆုပ်ရွံရှာ ခဲ့သော်လည်း ယခုအခြေအနေနှင့်ကား ပိုင်ရှောင်ချန်းထိုသို့တွေးသည်မှာ မမှားပေ။

" အပင်နဲ့အသီးအရွက်တွေကိုနှံ့နှံ့စပ်စပ် ကျွမ်းကျင်တဲ့အပြင် ဝိညာဥ်သတ္တဝါတွေကိုပါ နှံ့နှံ့စပ်စပ် ကျွမ်းကျင်တာပဲဟ။ ပိုင်ရှောင်ချန်းကတော့ ငါ့ကို လာနောက်နေတာပဲ။ ယုံချင်စရာကိုမကောင်းဘူး။ သူဂိုဏ်းထဲဝင်တာ နှစ်အနည်းငယ်ပဲရှိသေးတာကို။ မဟုတ်မှလွဲရော သူကတကယ်ပဲ လိပ်ကလေးများဖြစ်နေမလား။"

မှင်သက်နေသော ရွှီပေါက်ချိုင်က သူ၏ မှတ်စုစာအုပ်လေးကိုထုတ်လိုက်ပြီး အချက်အလက်အသစ်များကို မှတ်သားနေတော့သည်။ စိတ်တဲတွင်မူ သူကပိုင်ရှောင်ချန်းနှင့် ပြန်တည့်အောင်ပေါင်းရန် ဆုံးဖြတ်ချက်ချမိခဲ့သည်ကို ကျေနပ်နေပြီး စောစောက လွန်လွန်ကျူးကျူးစကားများ မပြောခဲ့မိသည်ကိုလည်း ကျေနပ်နေသည်။

.

လူတိုင်းက တုန်လှုပ်စွာ ပြောဆိုပြုမူနေကြစဥ် ပိုင်ရှောင်ချန်းက လမ်းကလေးထဲမှ သက်ပြင်းချရင်းထွက်လာသည်။ ကျောက်တိုင်၁၀တိုင်ပေါ်မှ သူ၏အောင်မြင်မှုများကို ဖုန်းကွယ်၍ရပါက သူကရအောင် ဖုံးကွယ်မည်ဖြစ်သည်။ ကျိုးရှင်းချီ၏ ပရိတ်သတ်များထဲတွင် အတွင်းစည်းဂိုဏ်းသားများ ပါသေးသည်မဟုတ်ပါလော။

သို့သော်လည်း ထိုသို့ဖုံးကွယ်နိုင်ရန်မှာ မဖြစ်နိုင်ချေ။ သူက ရာထူးမတက်ပဲနှင့်လည်း နေ၍မဖြစ်နိုင်သည်မဟုတ်ပါလော။ အမှန်တရားကိုထုတ်ဖော်ပြခဲ့ရသော်လည်း လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် သူ၏နာမည်ကို အော်ခေါ်နေကြသည်ကို ကြားလိုက်ရသောအခါ သူ ကျေနပ်သွားတော့သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Onde histórias criam vida. Descubra agora