အခန်း(၇၁)

1.3K 192 5
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း ( ၇၁ )
ဂုဏ်ထူးဆောင်မျိုးဆက်

လိပ်ပုံစံဒယ်အိုးလေးကြောင့် ပိုင်ရှောင်ချန်းသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအကြောင်းကို အတော်လေး နားလည်လာပြီဖြစ်သည်။ ထို့အပြင် ခရမ်းဒယ်အိုးတောင်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးသော အခြေခိုင်မာခြင်းအဆင့် အကြီးအကဲတစ်ယောက်ရှိကြောင်း သူသိထားသည်။

စွမ်းဆောင်မှုရမှတ်အနည်းငယ်ပေးလျှင် ထိုအကြီးအကဲက ဂိုဏ်းသားများကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများကို ကူညီဆောင်ရွက်ပေးသည်။ သို့သော်လည်း တစ်ဆင့် နှစ်ဆင့်ထက်တော့ မပိုပေ။ ထို့ထက်ပိုပြီး အဆင့်မြင့်သွားပါက မအောင်မြင်နိုင်ခြေ များလွန်း၍ဖြစ်သည်။

သူလက်ဆောင်ရသော မှော်ပစ္စည်းနှစ်ခုသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးဆင့် ပြုလုပ်ပြီးသားဖြစ်သည့်အတွက် ပိုင်ရှောင်ချန်းမှာ သုံးရောင်ခြယ်မီးတောက်ရရန် လောင်စာများကို သုံးစရာမလိုတော့ပေ။ ထို့အ​ပြင် လူသိရှင်ကြား လွတ်လွတ်လပ်လပ် သုံးနိုင်မည်ဖြစ်သည်။

မွှေးရနံ့တိမ်တောင်သို့ ပြန်လာပြီးသောအခါ သူက ရွှေကျီးကန်းဓား နှင့် နတ်ကြိုးကြာဒိုင်းကာများကို ရင်းရင်းနှီးနှီးဖြစ်အောင် လေ့လာလိုက်သည်။ ထိုပစ္စည်းများထဲသို့ စိတ်စွမ်းအင်များ ထည့်လိုက်သောအခါ သူတို့ဆီမှ ချက်ချင်းပင် ပြင်းထန်သော အပူဓာတ်များ ထွက်လာသည်။
 
" ဒါမျိုးတွေကိုမှ ရှားပါးရတနာလို့ခေါ်တာကွ။" သူက စိတ်လှုပ်တရှားနှင့် ထအော်လိုက်သ​ည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး မန္တန်လက်ကွက်တစ်ခုဖော်ကာ လက်ညှိုးထိုးလိုက်သည်။ ထိုအခါ ကြိုးခတ်တူရိယာအသံတစ်ခုပေါ်ထွက်လာပြီး ရွှေကျီးကန်းဓားက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျံထွက်သွားခဲ့ရာ အပူလှိုင်းများဖြစ်ပေါ်လာခဲ့ပြီး ပတ်ပတ်လည်ရှိ အရာအားလုံး ဂယက်ထကာ တွန့်လိမ်သွားတော့သည်။

သူက အခြားမန္တန်လက်ကွက်တစ်ခု ထပ်ဖော်လိုက်ပြီး ဓားထဲသို့ စိတ်စွမ်းအင်များ ထပ်၍ ထည့်လိုက်သောအခါ ဓားပတ်လည်တွင် အရောင်များပိုမိုလင်းလက်လာပြီး ရွှေကျီးကန်းတစ်ကောင်၏ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
  
ထိုပုံရိပ်ကို ခပ်ရေးရေးသာမြင်ရသော်လည်း ထိုပုံရိပ် ပေါ်ပေါက်လာသောအခါ ချက်ချင်းပင် အံ့အားသင့်ဖွယ် ဖိအားကြီးတစ်ခုကျဆင်းလာပြီး ထိုနေရာတစ်ဝိုက်ရှိ အပူချိန်မှာ လျင်မြန်စွာမြင့်တက်သွားသည်။ ထိုအရာအားလုံးကြောင့် ပိုင်ရှောင်ချန်း၏ ရင်မှာ စိတ်လှုပ်ရှားစွာ ခုန်နေတော့သည်။ မောဟိုက်နေသောအမူအရာဖြင့် သူက ရွှေကျီးကန်းဓားကို တောက်ပနေသော မျက်လုံးများနှင့်ကြည့်လိုက်သည်။ ခဏအကြာတွင် သူကစိတ်လှုပ်ရှားစွာ ထရယ်တော့သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Nơi câu chuyện tồn tại. Hãy khám phá bây giờ