ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen
စာစဉ် ၈အခန်း ( ၁၀၃ )
ဂိုဏ်းအတွက် တာဝန်ထမ်းဆောင်ချင်တယ် ဆိုမှကွာ...မြေရိုင်းမြက်တောင် ထဲတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသား အများကြီးမရှိပေ။ ဒါဇင်အနည်းငယ်မျှသာ ရှိသည်။ ထိုနေရာတစ်ဝိုက်တွင် အခြေခိုင်မာခြင်းအဆင့် သားရဲများ များများစားစားမရှိသော်လည်း အတွင်းစည်းဂိုဏ်းသားများအတွက်ပင်လျှင် အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်။
မိမိကိုယ်ကို အင်မတန်အစွမ်းအစရှိသည်ဟု လက်ခံထားသော လူများသာ ထိုနေရာသို့ သွားရဲကြခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းက သတိပေးသံများလှန်းအော်သောအခါ အချို့ဂိုဏ်းသားများမှာ ပြန်လည်တုံ့ပြန်ကြပြီး သူ၏အကြံပေးချက်ကို လက်ခံကြလေသည်။ သူတို့က သူတောင်းပန်သည့်အနေအဖြစ် ပေးသော လက်ဆောင်များကိုလက်ခံကာ ထွက်ခွာသွားကြစမြဲဖြစ်သည်။ သို့သော်လည်း ခေါင်းမာသောလူအချို့ကမူ သူက အကူအညီတောင်းလို၍ အော်ဟစ်နေခြင်းသာ ဖြစ်မည်ဟု ယူဆကြပြီး သူ့အသံကို မကြားသလိုပင် ဟန်ဆောင်ကြလေသည်။ အချို့ဆိုလျှင် သူသေသွားပါက သူ၏ ထည့်စရာအိတ်ကို သွားကောက်လိုက်မည်ဟုပင် တွေးထားကြသည်။သူတို့က လုပ်နေသည့်အလုပ်ကို ဆက်လုပ်ကာ ထိုအကြောင်းကို ဆက်မတွေးကြပေ။ သို့သော်လည်း မကြာမီတွင် သားရဲများက ထူးထူးဆန်းဆန်းဖြစ်ကာ စိတ်ဆတ်၍ ရူးနှမ်းလာကြောင်းကို သူတို့က သတိထားမိတော့သည်။
ရှန်ကွမ်းထျန်ယုံသည် မြေရိုင်းမြက်တောင် ထဲတွင်ရောက်နေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်း၏ အော်သံကိုကြားလိုက်ရသောအခါ သူ၏မျက်လုံးများမှာ အရောင်လက်သွားပြီး သူ့ကို လျစ်လျူရှုလိုက်လေသည်။ သူသည် ပိုင်ရှောင်ချန်းနှင့် တူညီသော တာဝန်ဖြစ်သည့် အသက်သူခိုးကောင်များ ကို လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအချိန်တွင် ချီစုစည်းမှုအဆင့်ခြောက်ရှိသော ဝက်ဝံကြီးတစ်ကောင်က သစ်ပင်တစ်ပင်ကို ဖက်တွယ်ကာ ဆက်တိုက် တက်ဆောင့်နေသည်ကို မြင်လိုက်ရသဖြင့် သူ အံ့အားသင့်သွားတော့သည်။
ယခုလိုအရာမျိုးကို မြင်ရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ မကြာသေးမီက ယုန်တစ်ကောင်က ရူးသွပ်မှုအပြည့်နှင့် သူ့အား ချုံခိုတိုက်ခိုက်ခဲ့သည်ကို သူကြုံထားပြီးဖြစ်သည်။ ဤ အခြေအနေကို ရင်းရင်းနှီးနှီး မြင်ဖူးနေကြောင်း သူရိပ်မိလိုက်သောအခါ သူ၏ ဦးရေပြားများမှာ ထုံထိုင်းသွားတော့သည်။
" ဒီနေရာက တစ်ခုခုတော့ လွဲနေပြီ။ မြေရိုင်းမြက်တောင် ထဲမှာ ဘာတွေများ ပြောင်းလဲသွားတာတုံး။" သူက အတွေးများနှင့် ချာချာလည်နေတော့သည်။ ထို့နောက် သူက ပိုင်ရှောင်ချန်း၏ ကာမအားတိုးဆေးအကြောင်းကို ပြန်တွေးမိသွားသောအခါ ရင်တုန်သွားရတော့သည်။
BẠN ĐANG ĐỌC
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
Ngẫu nhiênUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...