အခန်း(၁၁၄)

1.2K 193 4
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen
စာစဉ်(၉)

အခန်း ( ၁၁၄ )

လီချင်းဟောက် နားလည်ခဲ့ပြီ...

"ဘာလို့အခုလိုဖြစ်နေတာလဲ..." သူသည်မျက်ရည်များကျလုဆဲဆဲဖြစ်နေပြီး နဖူးမှချွေးများကိုသုတ်လိုက်ကာ အံကိုတင်းလျက် ဆေးဆက်ဖော်နေသည်။ အပြင်မှ တဒုန်းဒုန်းထုသံများ ဆူညံနေသည်။

သူ၏ရည်မှန်းချက်မှာ ကပ်ဘေးကြီးတခုပေါ်ပေါက်လာစေရန်မဟုတ်ပေ။ သူ့စိတ်ထဲတွင် မြွေများ၏ပါးစပ်ကို ပိတ်သွားစေလိုခြင်းသာရှိသည်။ သူ့အနေဖြင့် တခုခုကတော့ အကြီးအကျယ်မှားယွင်းနေပြီဟု ခံစားနေရ၏။

ထိုအတွက် သူသည် ပြဿနာကိုဖြေရှင်းရန် ရိုးရှင်းသောနည်းလမ်းတခုကိုရှာတွေ့ပြီဟု ထင်ခဲ့မိသည်။ မြွေများ၏ပါးစပ်ပေါက်ကိုပိတ်ခြင်းသည် ဆိုးရွားပြင်းထန်လှသောဘေးထွက်ဆိုးကျိုးများ ယူဆောင်လာမည်မှန်း စိတ်ပင်မကူးမိချေ။

အခြေအနေများဆိုးရွားလာနေသည့်အတွက်  အဆိပ်ဖြေဆေးမဖော်စပ်နိုင်မီ ယာယီဖြေဆေးတခုဖော်စပ်ရန် ပြင်လိုက်သည်။ ရိုက်နှက်ခြင်းဖြင့်ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားခဲ့သော်လည်း မြွေများ၏ခန္ဓာကိုယ်သည် အဆမတန်အစွမ်းထက်လာလိမ့်မည်ဟု လုံးဝမတွေးဖူးချေ။ မြင်တွေ့နေရသည်များအရ မန္တန်ဝင်္ကပါက ဆက်လက်၍ကြာကြာထိန်းထားနိုင်တော့မည်မဟုတ်ပေ။

သူ၏နှလုံးခုန်နှုန်းမှာကြောက်စိတ်ကြောင့် ပုံမှန်ထက်မြန်နေပြီး သူ၏မျက်လုံးများမှာ သွေးပျက်နေပြီဖြစ်သည်။ သူသည် အရာအားလုံးကို ယခင်အခြေအနေသို့သာ ပြန်ရောက်စေချင်နေသည်။ မြွေများတချိန်လုံးရှူးရှူးရှဲရှဲလုပ်နေကြလည်း သူ့အတွက်ကိစ္စမရှိတော့။

နောက်နှစ်ရက်ခန့်ကြာသောအခါ မြွေများ၏အဆက်မပြတ်တိုက်ခိုက်နေမှုကြောင့် မန္တန်ဝင်္ကပါမှအက်ကွဲသံများသည် ပို၍ပြင်းထန်လာနေသည်။ ဒိုင်းကာပေါ်တွင် အက်ကြောင်းများစတင်ပေါ်ပေါက်လာလေ၏။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် လက်ထဲတွင်ဆေးလုံးနှစ်လုံးကိုင်ကာ ကျောက်တုံးအိမ်ထဲမှပြေးထွက်လာခဲ့လေ၏။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now