အခန်း(၆၁)

1.2K 199 4
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ  Ergen

အခန်း ( ၆၁ )
သက်စောင့်တိုက်ကွက်

ပိုင်ရှောင်ချန်း၏ လှုပ်ရှားမှုများသည် မြန်ဆန်လွန်းလှ၍ ချိန်ဟန်မှာ တုံ့ပြန်ချိန်ပင်မရလိုက်။ လက်သီးချက်များနှင့် ကန်ကျောက်ချက်များမှာ ရူးသွပ်နေသော မုန်တိုင်းကြီးတစ်ခုအလားပင်။

ချိန်ဟန်က မျက်စိမျက်နှာပျက်သွားပြီး မန္တန်လက်ကွက်များဖော်လိုက်ကာ အကာအကွယ်ဒိုင်းကာများကို ထုတ်လိုက်သည်။ မိုးများတဖွဲဖွဲကျနေသော တောနက်ကြီးထဲတွင် သူနှင့်ပိုင်ရှောင်ချန်းတို့ တိုက်ခံသံများမှာ ဆူညံနေတော့သည်။

တိုက်ပွဲမှာ ကြာလာလေလေ ချိန်ဟန်မှာ ပို၍အံ့အားသင့်လာလေလေဖြစ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဤအပြင်စည်းဂိုဏ်းသားမှာ ကြောက်စရာကောင်းသောပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း သူစောစောက အသိမှတ်ပြုခဲ့ပြီးဖြစ်သည်။ သို့သော်လည်း သူနှင့်အမှန်တကယ် တိုက်ခိုက်ရသောအခါမှ ထိုဂိုဏ်းသားကို သူအများကြီးလျှော့တွက်မိခဲ့ကြောင်းသိလိုက်ရသည်။

ချီစုစည်းမှုအဆင့်ရှစ်ရှိသော ကျင့်ကြံသူများပင်ပါဝင်သည့် သူ၏မျိုးနွယ်စုဝင်၁၀ယောက်ကျော်ကို ပိုင်ရှောင်ချန်းက အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သည်ကိုကြည့်လျှင် သူ၏အစွမ်းအစ မြင့်မားသည်ကို သိရှိနိုင်သည်။ ပုံမှန်ချီစုစည်းမှုအဆင့်သာရှိသော ဂိုဏ်းသားတစ်ယောက်ဆို ထိုသို့ လုပ်နိုင်မည်မဟုတ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည့်အတွက် သူတို့၏ဂိုဏ်းသားများမှာ သာမန်မျိုးနွယ်စုထဲရှိကျင့်ကြံသူများထက် သာလွန်မည်မှာ ဧကန်ပင်။ သို့သော်လည်း ဤမျှလောက်ထိ ကြီးကြီးမားမား ကွာဟနေမည်လို့တော့ သူမထင်ထားချေ။

" သူ့ခန္ဓာကိုယ်က မာကျောလွန်းလှပါလား။ ဘယ်လိုအပြင်အားကျင့်ကြံနည်းတွေများ သူကျင့်ထားတာလဲ။ မဟုတ်မှလွဲရော အဲ့ဒီအပြင်အားကျင့်ကြံနည်းကြောင့် သူဒီလို လျှင်မြန်မှုနဲ့ ဒီလိုခွန်အားတွေကို ရတာများလား " ချိန်ဟန်သည် အံ့အားသင့်ကာ တွေးတောနေသည်။ သူ၏အင်္ကျီလက်ကိုခါလိုက်သောအခါ ပိုင်ရှောင်ချန်း၏တိုက်ကွက်များကိုကာကွယ်ရန် မြူခိုးများထွက်လာသည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Donde viven las historias. Descúbrelo ahora