ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ....Ergenအခန်း ( ၄၅ )
ငါမင်းတို့ကို အလွယ်လေး သတ်နိုင်တယ်။
ပိုင်ရှောင်ချန်း မောဟိုက်နေသည်။ အရာအားလုံးကို ခေါင်းထဲကရှင်းထုတ်ရန် အာရုံကို စုစည်းလိုက်သည်။ အောင်မြင်တာတွေ ကျရှုံးတာတွေ သူဘာမှဂရုမစိုက်တော့။ သူ၏ မျက်ဆံများပင် သွေရောင်သန်းကာ နီမြန်းနေပြီ။ လက်ရှိသူ့ခေါင်းထဲမှာ ရှိတာတစ်ခုတည်း။ သူ့ကိုယ်သူ အပြည့်အဝယုံကြည်မှုရှိလာအောင် ဘယ်လိုလုပ်ရမည် ဆိုသောအတွေးဖြစ်သည်။
သူကိုယ့်သူ ယုံကြည်မှုရှိရှိမလုပ်နိုင်မချင်း နောက်တစ်ကြိမ်ဖော်စပ်မှုကို လုံးဝပြန်စတင်မည်မဟုတ်ပေ။
ဆေးဝါးဖော်စပ်နေစဉ်တွင် ရှောင်ချန်း၏ သတိကြီးမှု အမျှော်အမြင်ရှိမှုကို အတိုင်းသား မြင်သာလာသည်။
သို့သော်လည်း မည်မျှခေါင်းခြောက်အောင် စဉ်းစားသည့်တိုင် မှင်ရည်သစ်သီးထဲက မှင်ရည်များကို စံသတ်မှတ်ချက်ကိုက်အောင် မလုပ်ဘဲ ပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင်ဖြစ်နေသည်။ ယခုလိုလုပ်လျှင်တော့ ဆေးဖော်စပ်နည်းကို လုံးဝပြောင်းလိုက်ခြင်းမမြောက်ဘဲ နည်းနည်းချိန်ညှိရာပဲရောက်မည်ဟု ထင်သည်။ အချိန်အတော်ကြာစဉ်းစားပြီးနောက် ရှောင်ချန်းဆုံးဖြတ်ချက်ချလိုက်သည်။
" တစ်ဆင့်ချင်းစီမှာ ဆေးစပ်နည်းကို လိုက်ညှိ မှပဲ အဆင်ပြေတော့မယ်.." ဟုတွေးရင်း မှင်ရည်သစ်သီကို ချေလိုက်သည်။
'ဗြစ်' ဟူသော အသံနှင့်အတူ မှင်ရည်သစ်သီးမှ အရည်များထွက်လာသော်လည်း ဆေးပေါင်းဖိုထဲသို့ ချက်ချင်းမထည့်သေးဘဲ လေထဲမှာပင် ခဲအောင်လုပ်လိုက်ကာ ဟိုနေရာနည်းနည်း ဒီနေရာနည်းနည်း လိုသလို ပြု ပြင်လေသည်။
ဘေးကကြည့်နေသော ပရိသတ်များမှာ ရှောင်ချန်းလုပ်နေသည်ကို နားမလည်နိုင်ဖြစ်ကာ အံအားသင့်နေကြသည်။ ပိုင်ရှောင်ချန်းပင်လျှင် သူလုပ်နေသည်ကို ဘာမှအစွမ်းပြနေသည်ဟု မမှတ်ယူဘဲ အခြေအနေကြည့်၍ မီးစင်ကြည့်ကနေရသည်ဟုသာ ခံစားနေရသည်။
BẠN ĐANG ĐỌC
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
Ngẫu nhiênUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...