ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း (၇၂)
ဂိုဏ်းတွင် စည်းကမ်းများ ရှိသည်။ရက်အနည်းငယ် ကြာသောအခါ ပိုင်ရှောင်ချန်း၏ ဆေးဝါးဖော်စပ်ရာ အလုပ်ခန်းမှ ဝုန်းခနဲ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ တစ်ခဏကြာသောအခါ သူသည် မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်နေဟန် ပေါ်သည်။
“ငါ ခု အဆင့်၁ ဆေးလုံးတွေနဲ့ တော်တော်လေး ရင်းနှီးနေပါပြီ” သူသည် စိတ်ပျက် လက်ပျက်နှင့် ပြောလိုက်သည်။ “အဆင့် ၂ ဆေးလုံးတွေက အများကြီး ပိုခက်တာပဲ…” ကျင့်ကြံသည့် အချိန်မှ လွဲလျှင် သူသည် ဆေးဖော်စပ်ခြင်းကိုသာ လတ်တလော လုပ်ဆောင်နေခြင်းဖြစ်သည်။ အဆင့်၂ စိတ်စွမ်းအင် ဆေးပြားအချို့ ထုတ်လုပ်ရန် ကြိုးစားရာတွင် သူ့အိတ်ထဲမှ အပင်နှင့် အသီးအရွက်များကို သုံးစွဲနေသည်မှာ ကုန်သလောက်ရှိနေပြီ ဖြစ်သည်။ ကံမကောင်းစွာနှင့် သူဖော်စပ်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၏ အဆင့်က ယခင်ထက် အတော်မြင့်ရာ စေ့စပ်သေချာစွာ ဂရုစိုက်၍ လုပ်ပါသော်လည်း တောက်လျှောက် ကျရှံးနေဆဲ ဖြစ်သည်။
သူသည် ပစ္စည်းအများကြီးကို သုံးစွဲပြီးကြောင်း သတိထားမိတိုင်း သင့်တင့်အောင် ပြောင်းလဲ ဖော်စပ်သည်။ ထိုသို့ လုပ်နေလျက်နှင့်ပင် ပြဿနာအသစ်များ ပေါ်ထွက်လာခြင်း ဖြစ်၏။
သူသည် စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချကာ ဆေးဝါးဖော်စပ်ရာအဆောင်မှ လမ်းလျှောက် ထွက်လာခဲ့ရာ တင်ပျဉ်ခွေ ထိုင်နေကြသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ အများစုမှာ ၃ယောက်မှ ၅ယောက် ထိ အဖွဲ့များဖြင့် ထိုင်နေကြပြီး အချို့အဖွဲ့မှာ ၁၀ယောက် အထိ ရှိသည်။ အများစုမှာ မိန်းမလှလေးများ ဖြစ်ပြီး ပိုင်ရှောင်ချန်းနှင့် တစ်ယောက်မှ မရင်းနှီးပေ။
သူတို့သည် ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး ဖြစ်ကြပြီး တစ်ယောက်စီတိုင်းက ကိုယ့်နည်းကိုယ့်ဟန် နှင့် လှပသူများ ဖြစ်ကြသည်။ အများစုမှာ တစ်ယောက်နှင့် တစ်ယောက် အလှပြိုင်နေကြကာ ပိုင်ရှောင်ချန်း ထွက်လာသည်ကို မြင်သည်နှင့် မျက်လုံးလေးများက တောက်ပစွာ လင်းလက်သွားကြသည်။
BINABASA MO ANG
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
RandomUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...