ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း ( ၉၂ )
စိတ်ဓာတ်ကျသွားသော ကုန်းစွန်းဝမ်အာအချိန်ကြာမြင့်စွာ အပ်ကျသံမျှမကြားရအောင် တိတ်ဆိတ်ငြိမ်သက်ပြီးသည့်နောက်တွင် တောင်ပိုင်းသာမက မြောက်ပိုင်းမှ ပရိတ်သတ်များဆီကပါ တီးတိုးဆွေးနွေးသံများ ပေါ်ထွက်လာသည်။
"သန် ...သန်...သန်မာလိုက်တာ''
" ဝိညာဥ်စွယ်က အတွင်းစည်းဂိုဏ်းသားတွေကိုတောင် အသာကလေးရိုက်ပစ်နိုင်စွမ်းရှိတယ်နော်။ အခြေခိုင်မာခြင်းအဆင့်အောက်မှာ သူက အသန်မာဆုံးဂိုဏ်းသားတစ်ယောက်လေ''
"ဒါက ချီစုစည်းမှုရဲ့ အဆုံးစွန်ရောက်နေတဲ့ အတိုက်အခိုက်စွမ်းအားတွေပဲ။ သူက စိတ်စွမ်းအင်နယ်ပယ်ကို ရောက်နေတာ သေချာတယ်။ ပဟေဠိဆန်ပြီး ဉာဏ်မမီနိုင်အောင်နက်နဲတဲ့ စိတ်ဓာတ်နဲ့သာ ဒီလောက် ကြောက်စရာကောင်းတဲ့ အားမျိုးထွက်လာနိုင်တာ''
စကားသံကျယ်ကျယ်ဖြင့် ဘယ်သူမှမပြောရဲအောင်ပင် ဖြစ်နေသည်။ မြောက်ပိုင်းဂိုဏ်းသားလက်ရွေးစင်များသည် စိတ်ခံစားမှုများ ရောယှက်စွာ ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြချေ။ သူတို့မျိုးဆက်မှ ထိုမျှ အင်အားကြီးမားသောသူ ပေါ်ထွက်လာသဖြင့် မပျော်နိုင်ဖြစ်နေသူ ရှိနိုင်ပါအံ့နည်း။ တောင်ဘက်ခြမ်းတွင် ရှမ်ကွမ်းထျန်ယုံသည် တိတ်ဆိတ်စွာ ရပ်နေသည်။ သူ့ရင်ထဲတွင် ဗလာဟင်းလင်းဖြစ်နေသော်လည်း တည်ငြိမ်မှုအပြည့်ရှိနေသည်။ ဝိညာဥ်စွယ်အား
ရှုံးနိမ့်သွားခြင်းကို အခြားသာမန်လက်ရွေးစင်ဂိုဏ်းသားများရှုံးနိမ့်သွားသကဲ့သို့ပင် ကြည့်နေလိုက်သည်။သိသာထင်ရှားသည်ကတော့ ဝိညာဥ်စွယ်သည် အခြားလက်ရွေးစင်ဂိုဏ်းသားများထက် ကွာခြားသောအဆင့်တစ်ခုတွင် ရှိနေခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းသည် တုန်လှုပ်စွာကျန်ခဲ့လေသည်။ ဝိညာဥ်စွယ် တိုက်ခိုက်သည်ကို နှစ်ကြိမ်မျှသာမြင်လိုက်ရပြီး အကြိမ်တိုင်းက အံ့အားသင့်လောက်အောင် ပြီးပြည့်စုံသော တိုက်ကွက်များဖြစ်သည်။
YOU ARE READING
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
RandomUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...