အခန်း(၈၆)

1.3K 202 4
                                    

ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း ( ၈၆ )
လာပြန်ပြီ။

ရူးမတတ်ကြောက်ရွံ့နေသော ပိုင်ရှောင်ချန်းက တောင်အောက်သို့ပြေးဆင်းကာ ဂိုဏ်းထဲကပင်ထွက်ပြေးသွားတော့သည်။ စျေးသို့ရောက်ခါမှသူက ရပ်လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်တော့သည်။

" အခု ဘာဆက်လုပ်ရတော့မှာတုံးကွာ။" သူက သနားကမားအမူအရာနှင့် ဆူပုတ်နေတော့သည်။ သူမတရားခံရခြင်းဖြစ်သဖြင့် နာကျည်းနေပြီး ထိုငှက်က သူ့ဆီကဆေးလုံးကို ခိုးသွားသည့်အချက်ကိုပဲတွေးနေတော့သည်။ သူမည်သို့ ရှင်းပြရပါမည်နည်း။ အကြီးအကဲကျိုးက လုံးဝနားမထောင်မည် မဟုတ်ပါလော....

စိတ်ပျက်လက်ပျက် ဖြစ်နေစဥ်မှာပင် သူ၏ခေါင်းထဲသို့ အတွေးတစ်ချက်ကဝင်လာသည်။
" နေပါအုံး။ ငါနံပါတ်တစ်နေရာများ ရသွားတာလား။"

" ဟာကွာ။ ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးမလို့ အငယ်တွေနဲ့ မပြိုင်ချင်ပါဘူးဆိုနေမှပဲကွာ။" သူက ထိုသို့ရေရွတ်နေသော်လည်း သူ၏မျက်နှာပေါ်မှ ကျေနပ်နေသော အမူအရာကိုမူ ဖုံးကွယ်၍မရပေ။ သို့သော်လည်း သူ နံပါတ်တစ်နေရာရသဖြင့် လက်ရွေးစင်တိုက်ပွဲများတွင် မြောက်ဘက်နှင့်အတူ မဖြစ်မနေပါဝင်ရတော့မည်ကို သိသွားသောအခါ စိတ်နှလုံး ညှိုးငယ်သွားတော့သည်။

ညရောက်လာသည်အထိ သူက စျေးထဲတွင် ပတ်သွားနေသည်။ ဂိုဏ်းသို့ပြန်သွားရန် မလုံခြုံလောက်သေးဟု သူကထင်သည့်အတွက် သတင်းပို့ကျောက်စိမ်းပေလွှာကိုထုတ်ကာ ရွှီပေါက်ချိုင်ကို သူ၏ခြံဝန်းနားတွင် အကြီးအကဲကျိုး စောင့်နေသလား သွားကြည့်ခိုင်းရန် သတင်းလှမ်းပို့လိုက်သည်။

အရှုပ်အရှင်းကင်းကြောင်း သတင်းပြန်ရသောအခါ သူက ဂိုဏ်းကို သတိကြီးကြီးထားကာ ပြန်လာတော့သည်။ ခပ်လှမ်းလှမ်းမှနေ၍ သူ၏အိမ်ရှေ့တွင် ရွှီပေါက်ချိုင်က စောင့်နေသည်ကို လှမ်းမြင်လိုက်ရသောအခါ သူကဘေးဘီကို နောက်တစ်ခေါက် ဂရုတစိုက်ထပ်ကြည့်လိုက်ပြီး သူ့အိမ်ဘက်သို့ အပြေးသွားလိုက်တော့သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Donde viven las historias. Descúbrelo ahora