အခန်း(၃၀)

1.4K 210 5
                                    

တစ်ပါတည်း ယူဆောင်လာခဲ့ခြင်းများ

နောက်၃ရက်အကြာ။ အာရုဏ်ဦးအချိန်…..

တရွေ့ရွေ့မြင့်တက်လာသော နေမင်းနှင့်အတူ ပိုင်ရှောင်ချန်း၏ မျက်လုံးများပွင့်လာသည်။ အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခု ပေါ်ထွက်လာသည်။ ဤကဲ့သို့ ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်သည်မှာ သူ့အတွက် ပထမဆုံး အကြိမ်ပင်ဖြစ်သည်။

ရွှီပေါက်ချိုင်နှင့် တိုက်ခိုက်ခဲ့သည်ကိုမူ ပြိုင်ပွဲတစ်ခုဟု သတ်မှတ်၍မရပေ။ သို့သော်လည်း ယခုတွင်မူ မွှေးရနံ့တိမ်တောင်၏ အပြင်စ​ည်းဂိုဏ်းသားများ ပြိုင်ပွဲတွင်ကား သူ၏ ဂိုဏ်းတူ ညီအစ်ကိုမောင်နှစ်မများဖြင့် ယှဥ်ပြိုင်တိုက်ခိုက်ရတော့မည်ဖြစ်သည်။

ဖြေးဖြေးချင်းထလိုက်ကာ သူ၏ထည့်စရာကို ပြင်ဆင်လိုက်ပြီး ခြံဝန်းအပြင်သို့ ညှိုးငယ်စွာ ထွက်သွားလိုက်သည်။ အနည်းငယ်ကြာသောအခါ သူသည် ပြန်ပြေးလာပြီး စားဖိုဆောင်တုံးကရခဲ့သော သားရေအင်္ကျီများကို သူ၏ခုတင်အောက်တွင် လှန်ကာရှာဖွေနေတော့သည်။ အထပ်ပေါင်းများစွာ ဝတ်ဆင်ပြီးလိုက်သောအခါ သူ၏ ကျောက််စိမ်းလည်ဆွဲကို အလွယ်တကူ ထုတ်ယူနိုင်မည့်နေရာတွင် သိမ်းထားလိုက်သည်။

သူ၏ လိပ်ဒယ်အိုးကိုမူ နောက်ကျောပေါ်တွင် ချည်သွားလျှင် လူများက အထူးတဆန်းလုပ်ကာ မေးခွန်းများထုတ်နေမည်စိုး၍သာ မယူသွားပဲထားခဲ့ရသည်။

"အာ.... ဘာလို့များ စောစောက ဒီလိုမစဥ်းစားမိခဲ့မိပါလိမ့်ကွာ။ ငါရဲ့ အနက်ရောင်ဒယ်အိုးကြီးရှိနေတာကို မေ့သွားတာ ငါ့ဖြင့်ယုံတောင်မယောင်နိုင်ဘူး။" နောင်တရစွာသူက မကျေမချမ်း တွေးနေတော့သည်။

သို့သော်လည်း အချိန်မလောက်တော့၍ အံကြိတ်ကာ လှည့်ထွက်ခဲ့ရုံမှတစ်ပါး မတတ်နိုင်ပေ။ ခပ်လှမ်းလှမ်းရှိ နေလုံးကြီးကို ပြတ်သားမှုများပြည့်နှက်နေသော မျက်လုံးဖြင့် တစ်ချက်မျှော်ကြည့်လိုက်တော့သည်။ ထို့နောက် ရင်ကော့ကာ တောင်ထိပ်သို့ တက်ကာသွားတော့သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Opowieści tętniące życiem. Odkryj je teraz