အခန်း(၄၈)

1.2K 199 5
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း(၄၈)

ကြီးမားကျယ်ပြန့်သော ကမ္ဘာ

တစ်ရက်အတွင်းမှာပင် ဝိညာဉ်ကျောက်တုံးတစ်တုံး သုံး၍ကုန်သွားသည်။ ဖိန်းယန်က လေဟုန်စီးလှေငယ် ကိုသိမ်းလိုက်ပြီးနောက် သုံးယောက်သား တောင်ထိပ်တစ်ခုတွင် ရပ်ရင်း အနောက်ဘက်မိုးကုပ်စက်ဝိုင်းဆီသို့ နေလုံးကြီး ဝင်ရောက်ပျောက်ကွယ်နေသည်ကို ငေးမောကြည့်နေမိသည်။ မကြာမီပင် အမှောင်ထုက လောကတစ်ခွင်ကို ခြံုလွှားလာသည်။

တောင်ခြေတွင် တောကောင်များ၏ အော်သံများ ပဲ့တင်ထပ်နေသော တောအုပ်တစ်အုပ်ရှိနေသည်။ ထိုတောအုပ်မှာ အလွန်သိပ်သည်းပြီး လေထုစိုထိုင်းဆကလည်း မြင့်မားသည်။

" ဒီတောအုပ်ကို ကျော်မှပဲ နားကြတာပေါ့.... " ဖိန်းယန်က တည်ငြိမ်စွာပြောပြီး ပိုင်ရှောင်ချန်းနှင် တုလင်ဖေးကို ကြည့်ကာ

" မင်းတို့နှစ်ယောက်ကော ဘယ်လိုသဘောရလဲ.... "

" အခုက မှောင်နေပြီဗျ " ရှောင်ချန်းက ထောက်ပြသည်။

" ပြီးတော့ တောထဲမှာ အန္တရာယ်ရှိတဲ့ သားကောင်တွေလည်း ရှိနေနိုင်တယ်။ ဒီတောအုပ်ပေါ်ကနေ လှေလေးနဲ့ လေဟုန်စီးပြီး ကျော်သွားလိုက်ရင်ကော.... "

" နင်နားချင်ရင် တစ်ယောက်ထဲနားနေခဲ့... " တုလင်ဖေးက စိတ်မရှည်ဟန်နှင့်ပြောလိုက်သည်။

" ဘာမှ မဟုတ်တဲ့ သစ်ပင်လေးတွေလောက်ကို... " သေမှာအရမ်းကြောက်သော ရှောင်ချန်းကို အမြင်ကပ်ကပ်ဖြင့် တော့အုပ်ဆီသိုထွက်လာခဲ့သည်။

ဖိန်းယန်၏မျက်နှာတွင် မုန်းတီးသည့်အငွေ့အသက်တချို့ ထွက်လာသော်လည်း ဟန်ဆောင်ပြုံးကာ တောင်အောက်ဆင်းလာခဲ့သည်။

နှစ်ယောက်လုံးထွက်သွားသည်ကို မျက်မှောင်ကုတ်ကုတ်နှင့်ကြည့်ရင်း ရှောင်ချန်းတစ်ယောက်တည်း ကျန်နေခဲ့သည်။ နောက်ဆုံး ဆက်မနေသာတော့ဘဲ သက်ပြင်းချကာ သတိဝီရိယရှိရှိဖြင့် တောင်ခြေတောအုပ်ဆီဆင်းလာခဲ့သည်။

တောနက်လာသည်နှင့် စိုထိုင်းဆကလည်း မြင့်လာပြီး အချို့နေရာများတွင် နွံအိုင်များနှင့် စိမ့်မြေများကိုပင် တွေ့ရသည်။ တိရိစ္ဆာန်တစ်ကောင် နှစ်ကောင်ကို တွေ့ရသော်လည်း ချီစုစည်းမှု အဆင့်သုံးလောက်သာရှိသည်။ တောနက်သထက်နက်လာသည်အထိ အရှိန်မလျော့ပဲ ခရီးဆက်ခဲ့ကြသည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Tahanan ng mga kuwento. Tumuklas ngayon