အခန်း ( ၁၃၄ )

1.1K 165 6
                                    

#Unicode

အခန်း ( ၁၃၄ )
သက်စောင့်အား ရှိသေးတာပဲ...

ချောက်နက်ကြီးထဲရှိ အုံ့ဆိုင်းနေသောမြူခိုးများထဲတွင် မျက်လုံးကြီးနှစ်လုံးမှာ အရောင်စုံများဖြင့် တလက်လက်ထနေသည်။ အများဆုံးပေါ်နေသောအရောင်မှာ ပန်းခရမ်းရောင်ဖြစ်သည်။

ထိုမျက်လုံးများမှာ ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်တမျှ
ကြီးမားနေသဖြင့် ကောင်းကင်ချိုမှင်ရည်နဂါး တစ်ကောင်လုံးမှာ မည်မျှပင်ကြီးမားမည်ကိုတွေးရင်း ပိုင်ရှောင်ချန်းမှာ မှင်တက်နေတော့သည်။ သူအနီးကပ်ကြည့်လိုက်သောအခါ ချိုတစ်ချောင်းကိုသာ မြင်ရလေသည်။

ထိုချိုကိုအနီးကပ်ကြည့်ပြီးသောအခါ စကားသံပိုင်ရှင်မှာ ကောင်းကင်ချိုမှင်ရည်နဂါး ဖြစ်ကြောင်း သူက သိသွားသဖြင့် စိတ်လှုပ်ရှားလာတော့သည်။ အနည်းငယ်တွေးတောပြီးသောအခါ သူက အံကြိတ်လိုက်လေသည်။

" ဂိုဏ်းတူအစ်ကို မကြောက်ပါနဲ့။ ကျွန်တော်အဲ့တာကို ကြိုးစားပြီးပြုလုပ်မှာပါ။" ထိုသို့ပြောရင်း သူ၏မျက်လုံးများမှာ အာရုံစူးစိုက်မှုများနှင့် မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။ ကောင်းကင်ချိုမှင်ရည်နဂါး၏ အကူအညီကို တစ်ခေါက်သာရပါက အဆုံးမဲ့တိုက်ပွဲဝင်သားရဲ မွေးထုတ်လိုသည့် သူ၏အိပ်မက်များမှာ သေချာပေါက် ပြည့်ဝလာမည်ဖြစ်သည်။

" သက်စောင့်အား  ကုန်ခမ်းနေတာပဲ။ အဲ့တာကို နိုးထအောင်လုပ်မှရမယ်။ အဲဒီအတွက် ပြင်းပြင်းထန်ထန် လှုံ့ဆော်နိုင်စွမ်းရှိတဲ့ အရာတစ်ခုလိုမယ်။ လှုံ့ဆော်နိုင်စွမ်းရှိတာဆိုရင်.... ငါ့ရဲ့ကာမစိတ်ရွှင်ဆေးကို ဘယ်အရာကများ ယှဥ်နိုင်မှာလဲကွ။ " သူက နီမြန်းနေသောမျက်လုံးများဖြင့် သားရဲမွေးမြူရေးခြံ အပြင်သို့ ပျံထွက်သွားကာ တာအိုသစ်စေ့တောင်သို့ သွားလိုက်လေသည်။ သူ၏ အဆင့်အတန်းနှင့် သူစုထားသော စွမ်းဆောင်မှုရမှတ်များကြောင့် သူလိုအပ်သော ဆေးပင်များကို စုဆောင်းရာတွင် အခက်အခဲမရှိခဲ့ပေ။

သူအကုန်စုဆောင်းပြီးသွားသောအခါ စွမ်းဆောင်မှုရမှတ် တစ်ဝက်ကျော်ကျော်ပင် ကုန်သွားပြီဖြစ်သည်။ သူဝယ်လာသည့် ပစ္စည်းများမှာ များပြားလွန်းလှ၍ ထည့်စရာအိတ်တစ်အိတ်နဲ့ပင် မလောက်ပေ။ အိတ်ခုနစ်အိတ်အပြည့်ထိပင် ထည့်လိုက်ရလေသည်။ ဆေးပင်ရောင်းနေသည့် ဂိုဏ်းသားကမူ အံ့အားသင့်နေကြတော့သည်။ သူ ရောင်းလာသမျှ ကာလတစ်လျှောက်လုံး စွမ်းဆောင်မှုရမှတ်များအား ထိုသို့ ကြောက်ခမန်းလိလိ သုံးစွဲမှုကို မမြင်ဖူးပေ။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Où les histoires vivent. Découvrez maintenant