ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း ( ၉၁ )
ရူးသွပ်လုမတတ်ဖြစ်နေသော မြောက်ဘက်ဂိုဏ်းသားများပထမအဆင့် ပွဲစဥ်များပြီးသွားပြီဖြစ်ရာ အမွှေးတိုင်သုံးတိုင်လောင်ကျွမ်းစာကြာသော အနားပေးချိန်တစ်ခု ရောက်လာလေသည်။ လူတိုင်းမှာထိုင်နေကြသော်လည်း မြောက်ဘက်ခြမ်းဂိုဏ်းသားများကမူ ထိုးထိုးထောင်ထောင်ဖြစ်နေပြီး ပိုင်ရှောင်ချန်းကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
ပြိုင်ပွဲဝင်အားလုံးမှာ ဒုတိယအဆင့်ပွဲစဥ်များ စတင်ရန် တာဆူနေကြတော့သည်။ ထိုပွဲစဥ်များတွင် သူတို့က ဖြစ်နိုင်သမျှစွမ်းအင်အကုန်ထုတ်သုံးကာ ပိုင်ရှောင်ချန်းကို အနိုင်ယူချင်နေကြသည်။ ယခုတွင်မူ အဆုံးသတ်တွင် မြောက်ဘက်ခြမ်းအနိုင်ရရ၊ မရရ မည်သူကမှ ဂရုမစိုက်ကြတော့ပေ။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်း၏ သွေးများနှင့် သူတို့၏အရှက်ရမှုများကိုသာ ဆေးကြောပစ်ချင်လိုသော စိတ်တစ်ခုသာရှိတော့သည်။
" ပိုင်ရှောင်ချန်း။ ဒုတိယအဆင့်ပွဲစဥ်တွေရောက်ရင် မြောက်ဘက်ကိုမင်းအရှက်ရစေခဲ့တာတွေအတွက် မင်းတန်ရာတန်ကြေး ကောင်းကောင်းပြန်ပေးဆပ်ရအောင် ငါလုပ်ပေးမယ်။"
" ငါတို့ရဲ့ အမုန်းရန်ငြိုးတွေ ပျောက်ပျက်ဖို့ဆ်ို သူ့ကို သားရဲတိရစ္ဆာန်တွေ အုပ်လိုက်ကြီးထဲကို ပစ်ထည့်လိုက်မှကိုရမှာ။ ဒုတိယပွဲစဥ်တွေရောက်လို့ကတော့ ဒီကောင့်ဘဝရဲ့ အနာကျင်ရဆုံးအချိန်တွေ လာတော့မှာ အသေအချာပဲ။" ပိုင်ရှောင်ချန်းကို သုတ်သင်ကြဟေ့။ အဲ့လို အရှက်မရှိတဲ့အောက်တန်းစားကို နှိမ်နင်းကြစမ်းပါ။"
မြောက်ပိုင်းက ဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းကို သုတ်သင်ဖို့ကလွဲ၍ ကျန်တာ ခေါင်းထဲမရ်ှိကြပေ။ သူ့ကို သုတ်သင်ရမည့်တာဝန်မှာ ပထမအဆင့်ပွဲစဥ်များကို ကျော်ဖြတ်နိုင်ခဲ့သော လူရှစ်ယောက်၏ ပုခုံးပေါ်သို့ ရောက်နေတော့သည်။ ဝိညာဥ်စွယ်တစ်ယောက်သာ မျက်လုံးမှိတ်ပြီး ထိုင်နေပါသော်လည်း အခြားခုနစ်ယောက်မှာမူ လက်သီးများဆုပ်ကာ ဒေါသတကြီး စိုက်ကြည့်နေကြတော့သည်။
ŞİMDİ OKUDUĞUN
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
RastgeleUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...