ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen
အခန်း ( ၉၆ )
ဝိညာဥ်စွယ်ကို ရင်ဆိုင်ခြင်းတောင်ဘက်ခြမ်းက လူများမှာ အံ့အားသင့်နေကြတော့သည်။ ပိုင်ရှောင်ချန်းနှင့် ရင်းနှီးပါသည်ဟု မိမိကိုယ်ကိုယ် ထင်ထားသူများပင်လျှင် သူတို့ရှေ့တွင်ရပ်နေသောသူကို မည်သူမှန်းမသိ ဖြစ်နေတော့သည်။
သူသည်ကား သူစိမ်းတစ်ယောက်လိုပင်။ သူတို့သိသော ပိုင်ရှောင်ချန်းဆိုသူသည်ကား သူ့ကို ဂိုဏ်းတူဦးလေးပိုင်ဟု မခေါ်ခေါ်အောင် လိုက်စတတ်သောသူသာ ဖြစ်သည်။ သူသည် လူတိုင်းက သူ့ကို ထုနှက်ချင်ရလောက်အောင် စိတ်အနှောင့်အယှက်ပေးတတ်သော လူတစ်ယောက်ဖြစ်သည်။ ယခုသူတို့ရှေ့က လူကမူ ထိုအရာများနှင့် တခြားစီပင်ဖြစ်နေတော့သည်။မြောက်ဘက်ခြမ်းမှ ပရိသတ်များ၏ အသက်ရှူသံများမှာလည်း မြန်လာတော့သည်။ ထိုဂိုဏ်းသားများက အသက်မပါသောမျက်လုံးများဖြင့် ငေးကြည့်ကာ ကယောင်ချောက်ချားဖြစ်နေတော့သည်။ သူတို့က ပိုင်ရှောင်ချန်းကို သေချာမသိသေးသော်လည်း သူ၏အပြုအမူများအရ အရှက်မရှိသော လူတစ်ယောက်အဖြစ်သာ မြင်ထားကြလေသည်။ ယခုတွင်မူ သူတို့မြင်နေရသောသူမှာ သူတို့အတွေးထဲကနှင့် လုံးဝ ပြောင်းပြန်ဖြစ်နေသဖြင့် အကြီးအကျယ် တုန်လှုပ်နေကြတော့သည်။
ပွဲကြည့်စဥ်ပေါ်တွင်မူ ကျိန်းယွမ်သုန်၏မျက်လုံးများက တမူထူးခြားစွာ တောက်ပနေတော့သည်။ အခြားဂိုဏ်းချုပ်များ၏ မျက်နှာအမူအရာများမှာ တည်ကြည်နေကြပြီး လီချင်းဟောက်မူ အနည်းငယ်ပြုံးနေတော့သည်။ သူ၏နှလုံးသားထဲတွင် နွေးထွေးသောခံစားချက်တစ်ခုနှင့်အတူ ဂုဏ်ယူဝမ်းမြောက်မှုများက နေရာယူထားတော့သည်။ အခြားအကြီးအကဲများကလည်း တည်ကြည်သောအကြည့်များဖြင့် ကြည့်နေကြတော့သည်။
ရှန်ကွမ်းထျန်ယုံမှာ လေပေါ်သို့အနည်းငယ် မြောက်တက်သွားပြီး သွေးများအန်နေတော့သည်။ သူ၏ မျက်လုံးများက အသက်မဲ့နေတော့သည်။ အခြားသူတစ်ယောက်ကိုမဟုတ်ပဲ သူလုံးဝအထင်သေးခဲ့သော ပိုင်ရှောင်ချန်းအား သူရှုံးနိမ့်နေသည်ကို မယုံမကြည်နိုင်ဖြစ်နေတော့သည်။ သူသည် ထိခိုက်ဒဏ်ရာရနေပါသော်လည်း သူခံစားနေရသော အရှက်ရမှုကြီးက ဒဏ်ရာများ၏နာကျင်မှုများထက် ပိုနေတော့သည်။ ကွင်းအပြင်ဘက်သို့လွင့်စင်သွားခါနီးတွင် သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
DU LIEST GERADE
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
SonstigesUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...