အခန်း(၉၃)

1.2K 191 3
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အပိုင်း ( ၉၃ )
ဘယ်လောက်တောင် အသုံး၀င်လိုက်တဲ့ဆေးလုံးလဲ။

ဒုတိယတိုက်ပွဲကွင်းပြင်တွင်  ဝိညာဥ်စွယ်သည် လေထဲသို့လက်ချောင်းများကို ဒုတိယအကြိမ် ဝှေ့ယမ်းလုဆဲဆဲဖြစ်၏။  သူ၏လက်ချောင်းများကိုဝှေ့ယမ်းရုံဖြင့် လူတော်တော်များများကို အနိုင်တိုက်နိုင်သော်လည်း ကုန်းစွန်းယွင်ကိုတော့ မနိုင်။

ကုန်းစွန်းယွင်ကမူ နောက်သို့အလျင်အမြန်ဆုတ်ခွာလိုက်ပြီး အရှုံးပေးပြီဖြစ်ကြောင်း အော်ပြောလိုက်သည်။ သူ့အနေဖြင့် ဝိညာဥ်စွယ်၏ လက်တိုက်ကွက်ကို တကြိမ်အထိကောင်းကောင်းခုခံနိုင်သော်လည်း ထပ်မံ၍ခုခံဖို့ကြိုးစားလျှင်မူ ဒဏ်ရာအကြီးအကျယ်ရသွားနိုင်လေသည်။ ပထမနေရာကိုမရနိုင်တော့သည့်တိုင်အောင် ဒုတိယနေရာသည်လည်းသိပ်မဆိုးလှဟု သူတွေးလိုက်မိ၏။

ဝိညာဥ်စွယ်ကို ဂါရဝပြုကာ တိုက်ပွဲကွင်းပြင်မှ ထွက်လာခဲ့လေ၏။ ထို့နောက်ကုန်းစွန်းဝမ်အာဘက်သို့ ဖျက်ခနဲလှည့်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားသည်။

ဝိညာဥ်စွယ်သည် ပြိုင်ပွဲကွင်းပြင်မှ သူရပ်နေသည့်နေရာသို့ အေးဆေးတည်ငြိမ်စွာပြန်လာခဲ့လေသည်။
ပိုင်ရှောင်ချန်းနှင့်သူ၏အကာအကွယ်ပစ္စည်းများကို တွေ့လိုက်ရသောအခါ သူ၏မျက်နှာတွင်အထင်သေးသောအကြည့်များပေါ်ထွက်လာလေ၏။

တောင်ဘက်ဂိုဏ်းသားပရိသတ်များသည် ပြိုင်ပွဲကျင်းပရာကွင်းပြင်မှမျက်နှာလွှဲထားကြလေ၏။ သူတို့အားလုံးရှက်ကိုးရှက်ကန်းဖြစ်နေကြပြီး မြောက်ပိုင်းအုပ်စုကို အားတုံ့အားနာဖြစ်နေကြသည်။

မြောက်ဘက်ဂိုဏ်းသားများသည် အလွန်သွေးပျက်နေကြလေပြီ...။

ကုန်းစွန်းဝမ်အာသည် သူမစဥ်းစားလို့ရသမျှတိုက်ကွက်ပေါင်းစုံကိုထုတ်သုံးကာ ပိုင်ရှောင်ချန်းကိုတကွက်ပြီးတကွက်တိုက်ခိုက်နေလေ၏။ သူမသည် မရေမတွက်နိုင်အောင်များပြားသော ဂမ္ဘီရအစွမ်းများနှင့် မှော်ပညာရပ်တို့ဖြင့် အဆက်မပြတ်တိုက်ခိုက်နေသော်လည်း ပိုင်ရှောင်ချန်း၏အကာအကွယ်ပစ္စည်းများကိုမထိုးဖောက်နိုင်ချေ။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Donde viven las historias. Descúbrelo ahora