အခန်း ( ၁၃၁ ) ( Unicode )

1K 137 2
                                    

ရောစပ်ခြင်းများ

ယစ်မူးနေသော ဝက်ဝံကြီး အဝေးသို့ ဒယိမ်းဒယိုင်ထွက်ခွာသွားသည်ကို ပိုင်ရှောင်ချန်းက လက်ကိုနောက်ဘက်တွင်ယှက်ကာ မတ်တတ်ရပ်ရင်းကြည့်နေသည်။ ထိုဝက်ဝံကြီးမှာ မထွက်သွားချင်သေးသောပုံစံဖြင့် နောက်သို့ သုံးကြိမ်တိတိ ပြန်လှည့်ကြည့်နေလေသည်။ ပိုင်ရှောင်ချန်းကမူ သူပြုလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်များအကြောင်းတွေးရင်း ကျေနပ်နေတော့သည်။

နောက်လဝက်အတောအတွင်းတွင် သူက သားရဲမွေးမြူရေးခြံ ထဲသို့သွားကာ သေချာစိစစ်ရွေးချယ်ထားသည့်သားရဲများကို ဆက်၍ခေါ်ခေါ်လာသည်။ သားရဲသန္ဓေတည်ပန်းပွင့်ကြီးမှာ ထိုသားရဲများကိုဝါးမျိုသွားပြီး သူတို့က သာယာမှုများနှင့်ယစ်မူးနေသောပုံစံများဖြင့် ပြန်ထွက်လာပြီး ယိမ်းယိုင်နေသောခြေထောက်များဖြင့် အဝေးသို့ ထွက်ခွာသွားကြလေသည်။

ပိုင်ရှောင်ချန်းက သူရွေးချယ်သည့် သားရဲများကို သေချာသတ်မှတ်ထားပြီး အထူးခြားဆုံး သားရဲအကောင်နှစ်ရာထဲမှ အကောင်များကိုသာ ရွေးချယ်လေသည်။

သူက ထိုပန်းပွင့်ကို အံ့မခန်းအစွမ်းထက်သော သားရဲအား မွေးဖွားပေးစေလိုသည်။ ထို့ကြောင့် သူကတောထဲမှ အသန်မာဆုံး အကြီးမားဆုံးသော သားရဲများကိုသာ ရွေးချယ်ခြင်းဖြစ်သည်။

အဆုံးတွင် အကူအညီပေးထားကြသည့် သားရဲအကုန်လုံးမှာ မန္တန်အစီအရင် အပြင်ဘက်တွင် စုဝေးနေကြတော့သည်။ ပိုင်ရှောင်ချန်းပေါ်လာတိုင်း သူတို့က နောက်တစ်ခေါက်ဝင်ခွင့်ထပ်ပေးရန် အသံကုန်အော်ဟစ်နေကြလေသည်။

" လုံးဝ ခွင့်မပေးနိုင်ဘူး။ တစ်ခါ ကူညီပြီးရင်တော်ပီပေါ့။ ငါမင်းတို့ ထိခိုက်ဒဏ်ရာရမှာ မလိုလားဘူး။" ပိုင်ရှောင်ချန်းကမူ ခပ်ပြတ်ပြတ် ပြန်ပြောလေသည်။ အဆုံးတွင် ပိုင်ရှောင်ချန်းက ပန်ဂိုလွန်ကြီးကို အကူအညီပေးခိုင်းရန် ခေါ်ဆောင်လာလေသည်။ ထိုအခါမှသာ သူရွေးချယ်စရာ သားရဲအကောင်းစားများကုန်သွားပြီဖြစ်ကြောင်း သတိထားမိလိုက်လေသည်။

ထို့အပြင် သားရဲသန္ဓေတည်ပန်းပွင့်၏ ပွင့်ချိန်မှာ အကြာကြီးမဟုတ်ကြောင်း သူကသိထားလေသည်။ အဆုံးတွင် ထိုပန်းပွင့်က ၎င်း၏အတွင်းတွင်ရှိသော သားရဲမှာ ဘာကောင်ကြီးဖြစ်နေဖြစ်နေ မွေးထုတ်ပေးမည်သာဖြစ်သည်။ ထိုအခါ သူက အနည်းငယ် စိတ်ကသိကအောက်ဖြစ်လာလေသည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Où les histoires vivent. Découvrez maintenant