အခန်း(၁၀၁)

1.3K 191 2
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း ( ၁၀၁ )
ရွှယ်ကျဲကော်တုပညာရပ်နှင့် သံလိုက်အတောင်ပံတစ်စုံ

ဆည်းဆာတောင်၏ တောင်ထိပ်သခင်သည် ခြောက်ကပ်ကပ်ချောင်းဟန့်သံလိုက်ပြီး  သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို တုန်လှုပ်နေကြသော နေဝင်တောင်ထိပ် ဂိုဏ်းသားများဆီသို့ စွမ်းအားပြည့်ဝသော အားကြီးတစ်ခု ကျဆင်းလာသည်။  တောင်ကြီးများသူတို့အပေါ်ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်စွာ ညည်းညူနေကြသည်။
ပေဟန်ညီအစ်ကိုနှစ်ယောက်က အခြားသူများထက်ပင် ပို၍ဖိအားကိုခံစားလိုက်ရသည်။ သူတို့၏မျက်နှာသည် နာကျင်မှုကြောင့်တွန့်သွားပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံများသည်လည်း လှုပ်ရှားသွားသည်။ ပိုင်ရှောင်ချန်းအပေါ် သူတို့၏အမုန်းတွေက မြင့်တက်သွားသော်လည်း သူတို့မျက်နှာပေါ်တွင် ထိုအမုန်းကို ပြသခြင်း မရှိကြပေ။
"မင်းတို့အားလုံး အခုချက်ချင်း မြောက်ဘက်ခြမ်းကို ပြန်လိုက်တာက အကောင်းဆုံးပဲ။ တိတ်ဆိတ်တဲ့နေရာကိုသွားပြီး တရားအားထုတ်ကြ။ နောက်ဆယ်နှစ်လောက်ထိ ထွက်မလာခဲ့နဲ့။"
ဆည်းဆာတောင်၏ တောင်ထိပ်သခင်သည် အရေးယူ ရမည့်သူဖြစ်သော်လည်း ထိုဂိုဏ်းသားတွေသည် သူ၏တောင်ထိပ်မှ ဖြစ်နေသဖြင့် သူသည် အတိုင်းအတာတစ်ခုအထိ အမှန်တကယ် ကာကွယ်ပေးခဲ့သည်။ သူက ကြမ်းတမ်းရက်စက်ပုံပေါ်သော်လည်း သူတို့၏ အဖြစ်အပျက်ကို အမှန်တကယ် စာနာမိသည်။ အင်္ကျီလက်ကို တစ်ချက်ဝှေ့လိုက်ပြီးနောက် စွမ်းအားကြီးမားသော လေပြင်းကြီးတစ်ချက်ကို ဖြစ်စေကာ သူ၏ဆည်းဆာတောင်မှဂိုဏ်းသာများကို အကွာအဝေးတစ်ခုဆီသို့ ပို့ဆောင်လိုက်သည်။

ပိုင်ရှောင်ချန်းကို လှည့်ကြည့်လိုက်ပြီး သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုကို ဆင်မြန်းလိုက်ကာ ဖြည်းညင်းစွာပြောလေသည်။
"  ရှောင်ချန်း...အခု မှတ်မိပြီလား"

ပိုင်ရှောင်ချန်းသည် ရေးကြခွင်ကျယ်မလုပ်သင့်ကြောင်း သိသည်။ သူ့အတွက် အရာအားလုံး ကောင်းစွာအဆင်ပြေသွားပြီဖြစ်သဖြင့် စိတ်ကျေနပ်စွာဖြင့် လည်ချောင်း ရှင်းလိုက်သည်။
"ဟားဟားဟား...။ဒီအရာတွေအတွက် ဘာမှမလိုပါဘူး အစ်ကိုကြီးရာ။ ဂုဏ်ထူးဆောင်ဂိုဏ်းသား၊ ပြီးတော့ ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးတစ်ယောက်အနေနဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီး ဂိုဏ်းတူ တူလေးတွေနဲ့ အဆင့်တူတူဖြစ်အောင် နှိမ့်ချရဲမှာလဲ။ ဘယ်လိုတောင် ဆိုးဝါးသောင်းကြမ်းလိုက်တဲ့ ကလေးတွေလဲဗျာ "

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now