ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း(၅၆)
အသက်ရှင်သန်ရန် အတူတကွ ရုန်းကန်ခြင်း
နောက်တစ်နေ့ ညနေစောင်းရောက်သည်အထိ ပိုင်ရှောင်ချန်းတို့အဖွဲ့သည် ဆက်တိုက်ထွက်ပြေးခဲ့ကြသည်။ တခါတစ်ရံတွင် ဂိုဏ်းနှင့်အဆက်အသွယ်ရဖို့ ကျောက်စိမ်းပေလွှာကို စမ်းကြည့်ကြသော်လည်း ဘယ်တော့မှ မအောင်မြင်ပေ။
ကျေးဇူးတင်ရမည်မှာ သူတို့တွင် ဆေးလုံးများ အများအပြားရှိနေခြင်းပင်။ လောချိန်ဂိုဏ်းက ပိုင်ရှောင်ချန်းသတ်ပစ်လိုက်သော လူခုနစ်ယောက်လုံးဆီမှ အိတ်တွေယူလာခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုဆေးများသည် စိတ်ဝိညာဥ်နတ်ရေစင်ဂိုဏ်းက ဆေးအရည်အသွေးများလောက်မကောင်းသော်လည်း ယခုအချိန်မှာမူ လိုအပ်တာထက်ပင် ပိုတောင်နေသေးသည်ဟုဆိုနိုင်သည်။
ထိုဆေးလုံးများ၏ အထောက်အပံ့ကြောင့် တုလင်ဖေးရော ဟိုယွင်ဖေးပါ စိတ်စွမ်းအင်များ ပြန်လည်ပြည့်ဝလာကြပြီး ရရှိခဲ့သော အတွင်းဒဏ်ရာများမှာလည်း ထိန်းချုပ်ထားနိုင်သောအခြေအနေတွင်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း တစ်ညလုံးပြေးခဲ့နိုင်ခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းသည် ကြောက်လန့်စိတ်ကြောင့် တချိန်လုံး တုန်လှုပ်နေသည်။ လေပြေတစ်ချက်သွေးလိုက်တာမျိုး ၊သစ်ရွက်လေးတစ်ရွက်ကြွေလိုက်တာမျိုးက အစ နှဖူးမှာချွေးစို့လောက်သည်အထိ လန့်စေသည်။ ရင်တစ်ခုလုံးမွန်းကြပ်နေပြီး မျက်လုံးများမှာ နီရဲနေသည်။ တိုက်ပွဲမှရခဲ့သော ဒဏ်ရာများကြောင့် နာကျင်နေသော်လည်း အံကိုတင်းတင်းကြိတ်ကာ ဆက်လက်ပြေးလွှားနေရသည်။
နာကျင်မှုမှာ ဆုံးခန်းတိုင်လိုဟန်မရှိပေ။ တကယ်တော့ ယခုခံစားနေရသော နာကျင်မှုများသည် ထာဝရအသက်ရှည်နည်းပညာရပ်ကိုလေ့ကျင့်စဉ်တုန်းက ခံစားရတာနှင့်စာလျှင် မပြောပလောက်ပေ။ သို့သော်လည်း ယခုဖြစ်နေသော သွေးထွက်သံယိုမှုများက အမှန်တကယ်ဖြစ်ပြီး အသက်အန္တရာယ်ကပင် လာလာတံခါးခေါက်နေသည်ဖြစ်ရာ ဘဝနှင့်ချီပြီး ခံစားရသောကြောက်ရွံမှုမျိုးဖြစ်သည်။ သို့သော်လည်း ဘာမှမတတ်နိုင်သောကြောင့် မျက်နှာကြီးမှာ အချိန်လွန်သရက်သီးမှည့်ကဲ့သို့ ရှုံတွနေသည်။
KAMU SEDANG MEMBACA
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
AcakUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...