Unicode
ပေါ့ပါးခြင်းမှသည် လေးလံခြင်းဆီသို့
ကျောက်တိုင်၁၀တိုင်။ နံပါတ်၁နေရာ ၁၀နေရာ……
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏တောင်ဘက်ရှိ တောင်၃တောင်လုံးမှာ လုံးဝကိုတုန်လှုပ်သွားသည်။
ဆေးတစ်သောင်းဆောင်အပြင်ဘက်တွင် စကားပြောသံများဖြင့် ဆူညံနေသည်။ လူများသည် ကျောက်တိုင်၁၀တိုင်လုံး၏ နံပါတ်၁နေရာကိုယူထားသော လိပ်ကလေးကိုလာကြည့်ရန် အရပ်မျက်နှာပေါင်းစုံမှ အပြေးအလွှားလာနေကြသည်။
အံ့သြမှင်သက်နေသံများက တစ်စပြီးတစ်စထွက်လာတော့သည်။
"နံပါတ်၁နေရာ ၁၀နေရာတဲ့။ နောက်ဆုံးတော့ လိပ်ကလေး လုပ်နိုင်သွားပြီ "" စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ကျောက်တိုင်၁၀တိုင်လုံးပေါ် နံပါတ်၁နေရာရခဲ့တဲ့နောက်ဆုံးအကြိမ်က လွန်ခဲ့တဲ့ နှစ်၁ထောင်လောက်ကကွ။ ငါ့ဘဝမှာ ဒီလိုမျိုးမြင်ကွင်းကိုမြင်ရလိမ့်မယ်လို့ စိတ်ကူးထဲတောင်မထည့်ဖူးဘူး။"
လူတိုင်းမှာ အံ့ဩတုန်လှုပ်ကာ ဆူညံနေကြတော့သည်။ အများစုက ယခုလိုဖြစ်လာမည်ဟုခန့်မှန်းထားကြသော်လည်း တကယ်ဖြစ်လာသောအခါတွင်လည်း တုန်လှုပ်စရာဖြစ်ရပ်တစ်ခုပင်ဖြစ်နေသည်။ လွန်ခဲ့သော၃လအတွင်း လိပ်ကလေးက ကျောက်တိုင်၁တိုင်ချင်းစီကို သိမ်းပိုက်နေသည်မှာလည်း အံ့ဖွယ်ဖြစ်သည်။ သူ့အကြောင်းကိုတွေးမိသောလူတိုင်း တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။
" ဒီလိပ်ကလေးက ဘယ်သူများလဲကွာ။ နှစ်ဝက်တောင်မရှိသေးဘူး။ တတိယမြောက်ကျောက်တိုင်ကနေ ကျန်တာတွေအကုန်လုံးကိုတစ်ခါထဲ သိမ်းကျုံးယူသွားတော့တာပဲ။ အဲ့ကောင်နာမည်ကြီးမှာ အသေအချာပဲဟေ့။"
" သူ့ရဲ့ အပင်နဲ့အသီးအရွက်မှာ ကျွမ်းကျင်မှုက ကျိုးရှင်းချီထက် လုံးဝကိုသာသွားပြီပဲ။ အနာဂတ်မှာ ကျိုးရှင်းချီအပြင် ထိပ်တန်းသမားတော် နောက်တစ်ယောက်ထပ်ပေါ်လာမယ်ထင်တယ် "
ကျောက်တိုင်၁၀တိုင်လုံးပေါ်တွင် လိပ်ကလေးက နံပါတ်၁နေရာ ယူလိုက်သည့်အချိန်တွင်ပင် ထိုကျောက်တိုင်များ စတင်လှုပ်ခတ်လာသည်။ ထို့နောက် မိုးချုန်းသံများမြည်ဟည်းလာပြီး တောင်ပေါ်ရှိ ဒယ်အိုးတစ်လုံးကိုတီးခတ်လိုက်သောအသံနှင့် ပေါင်းစပ်သွားသည်။
YOU ARE READING
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
RandomUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...