အခန်း(၁၀၄)

1.2K 187 9
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen
စာစဉ်၈

အခန်း ( ၁၀၄ )
ငါအာမခံပါတယ်...

ပိုင်ရှောင်ချန်းသည် သူ၏အင်မော်တယ်ဂူဆီသို့ မလှမ်းချင့်လှမ်းချင်ဖြင့်ပြန်လာပြီး စိတ်နှလုံးညှိုးငယ်စွာဖြင့်ထိုင်နေသည်။

နောက်ဆုံးတွင် သူသည်သက်ပြင်းချလိုက်ကာ
"ဘယ်သူနေနေ ထူးချွန်လွန်းရင် ကောင်းတဲ့အရာမဟုတ်ဘူး။ ငါကိုယ်တိုင်က ပြီးပြည့်စုံတဲ့ ဥပမာပဲ။ ဂိုဏ်းခေါင်းဆောင်ကလဲ ငါထူးချွန်တဲ့အပေါ် စိတ်ပူပင်နေသေးတယ်။ သူတို့က ငါ့ကိုဆယ်နှစ် တာဝန်ထမ်းဆောင်ခွင့်လည်း ပိတ်လိုက်သေးတယ်...ဒါပေမဲ့... လတိုင်းတော့ ငါ့ကို စွမ်းဆောင်မှုရမှတ်တွေပို့ပေးမယ်တဲ့" သူက ထိုနေရာတွင်ထိုင်လျက် ထိုအရာများအတွက် အနည်းငယ်စိတ်ပူပန်နေပြီး ထူးချွန်လွန်းသည့်သူဖြစ်နေသည်ကို စဥ်းစားမိပြီး မည်သို့လုပ်သင့်ကြောင်း စူးစမ်းနေလေသည်။

"အ..ကောင်းပြီ။ ဒါကကိစ္စမရှိပါဘူး။ ငါ တာဝန်တွေကိုလုပ်စရာမလိုတော့ကတည်းက ဆေးဖော်စပ်တဲ့ဘက်ကို ပိုပြီးကောင်းမွန်အောင်လုပ်ရမယ်။ပြီးတော့လည်း ငါတာဝန်တွေကို ပထမဦးဆုံးလုပ်ရတဲ့အကြောင်းအရင်းက စွမ်းဆောင်ရည်ရမှတ်တွေ လိုချင်လို့ပဲလေ"

ထိုကဲ့သို့တွေးမိပြီး ပိုင်ရှောင်ချန်းသည် ဂိုဏ်းပိုကောင်းလာစေရန်နှင့် သူ၏အကျိုးအတွက် သူကိုယ်တိုင်တာဝန်ကိုလက်လွှတ်လိုက်ကာ ဆေးဖော်စပ်ရာအလုပ်ခန်း ဆီသို့ လမ်းလျှောက်သွားလိုက်သည်။

"အဆင့်သုံးစိတ်စွမ်းအင်ဆေးလုံး ဖော်စပ်တဲ့နည်းလမ်းတွေမှာ ငါကျွမ်းကျင်ဖို့လိုသေးတယ်" ထိုသို့ပြောကာ သူသည် တည်ကြည်လေးနက်သောအသွင်သို့ ပြောင်းလဲသွား၏။

အချိန်များ ကုန်လွန်သွားခဲ့သည်။ နှစ်တစ်ဝက်အကြာတွင် သူသည် ပုံမှန်ကျင့်ကြံခြင်း မှလွဲ၍ ကျန်သည့်အချိန်များတွင် ဆေးလုံးများသာဖော်စပ်နေတော့သည်။ ပါဝင်ပစ္စည်းများပြတ်လပ်သွားသောအခါ သူ၏ စွမ်းဆောင်ရည်ရမှတ်များဖြင့် လဲလှယ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည်ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာသည်။ သို့သော် အရှိန်လျော့ချရန်စိတ်မပါဘဲ အဆင့်သုံးစိတ်စွမ်းအင်ဆေးလုံးကို ကျွမ်းကျင်သည်အထိ ဆက်လုပ်လေသည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now