အခန်း(၁၀၆)

1.2K 183 5
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း ( ၁၀၆ )
ရူးသွပ်နေသော ယုန်ကလေး

ထိုအချိန်တွင်ရွှီပေါက်ချိုင်နှင့် အခြားအပြင်စည်းဂိုဏ်းသားတချို့သည် နယ်လှည့်သမားတော် အဆင့်တိုးမြှင့်ခြင်းစာမေးပွဲ ဖြေနေကြလေသည်။ အကြီးအကဲရွှီသည်ဘေးဘက်သို့ထွက်နေပြီး အခမ်းအနားကိုကြီးကြပ်နေရသဖြင့် သူ၏မျက်နှာမှာသုန်မှုန်နေလေ၏။ ရုတ်တရက် မရေမတွက်နိုင်အောင်များသောခိုတအုပ် ဗြုန်းခနဲပေါ်လာကာ မိုးရွာသကဲ့သို့မစင်များစွန့်သွားလေရာ တဗွမ်းဗွမ်းမြည်သံများ ပဲ့တင်ထပ်သွားလေသည်။ မစင်များသည် ရွှီပေါက်ချိုင်အပါအဝင် စာမေးပွဲဖြေနေသူများနှင့် ပရိသတ်များအပေါ်မိုးရွာသကဲ့သို့ကျလာလေရာ အကြီးအကဲရွှီ၏ဦးခေါင်းမှာ ငှက်မစင်များပေနေလေ၏။

အားလုံးရုတ်ရုတ်သဲသဲဖြစ်ကာ အဝေးသို့ပျံသွားပြီဖြစ်သောခိုအုပ်ကိုငေးကြည့်နေကြသည်။ ခိုအုပ်သည်မစင်များတဘုန်းဘုန်းစွန့်ရင်း ပျံသန်းနေကြသည်။

"ဒီလောက်များလိုက်တဲ့ခိုတွေ... တစ်သက်နဲ့တကိုယ်တခါမှမမြင်ဖူးဘူး..."

"ချီးပဲ...။ ဘာတွေဖြစ်နေတာလဲကွာ...။ ဒီခိုတွေအဆက်မပြတ်ချေးပါနေကြတာ...။ ယုံကိုမယုံနိုင်ဘူး...။" ဂိုဏ်းသားများရုတ်ရုတ်သဲသဲဖြစ်နေကြစဥ် အကြီးအကဲရွှီသည် အချိန်တော်တော်ကြာအောင် မျက်နှာသေဖြင့်ရပ်ကြည့်နေသည်။

ချန်ကျိအန်းနှင့်ကျောက်ရိသော်တို့သည် တောင်လမ်းပေါ်တွင်မျက်နှာချင်းဆိုင်ရပ်ကာ တယောက်ကိုတယောက် မိုက်ကြည့်ကြည့်နေကြသည်။

သူတို့နှစ်ယောက်သည် အစေခံဘဝကတည်းက ကတောက်ကဆတ်ဖြစ်နေကြဖြစ်ပြီး သူတို့ကြားရှိ သဘောထားကွဲလွဲမှုသည် ပို၍သာကြီးမားလာလေ၏။ သူတို့နှစ်ယောက်သည် တယောက်ကိုတယောက် စိန်းစိန်းဝါးဝါးကြည့်နေကြဖြစ်သော်လည်း ယနေ့တွင်မူအခြေအနေများမှာပို၍တင်းမာနေ၏။

"ဒီနေ့ ကျုပ်တို့ကြားကမကျေလည်တာတွေကို အပြတ်ရှင်းရမယ့်...။"

သို့သော် စကားပင်မဆုံးလိုက်ခင် ခြေထောက်ပါသောငါးတစ်အုပ် ဘေးမှဖြတ်ပြေးသွားရာ ငါးအုပ်နောက်တွင်ဖုန်လုံးကြီးလိမ့်ကျန်နေခဲ့လေ၏။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Dove le storie prendono vita. Scoprilo ora