အခန်း ( ၄ )

2.4K 307 1
                                    

#Unicode

စိတ်စွမ်းအင် အဆင်မြှင့်တင်ခြင်း

အားလုံးက ပျော်ရွှင်မြူးတူးနေကြပြီး ပိုင်ရှောင်ချန်း၏အကြံကိုလည်း အလွန်သဘောကျ နှစ်ခြိုက်နေကြသည်။

ရှောင်ချန်းက ရုပ်ရည်ခန့်ညားရုံပင်မက လိမ်မာပါးနပ်မှုကလည်းရှိသည်။

ဖက်တီးကျန်းသည် ပိုင်ရှောင်ချန်းကို ဆုအဖြစ်ဖြင့် စိတ်ဝိညာဉ်ဆန်စေ့တစ်စေ့ကို ချီးမြှင့်လေသည်။

ရှောင်ချန်းသည် မူးနေသဖြင့် ကယိမ်းကပါးနှင့် အပျော်လွန်ပြီး အခန်းသို့ပြန်သွားသည်။ ခုတင်ပေါ်ကို မတက်နိုင်လိုက်မီမှာပင် အမျိုးစုံသော အဖိုးတန်စားဖွယ်များမှ စုပ်ယူထားသမျှ စိတ်စွမ်းအားများသည် သူ့ခန္ဓာကိုယ်ထဲတွင် ရုတ်တရက်ပေါက်ကွဲထွက်ကုန်သည်။ ချာချာလည်အောင် ခေါင်းမူးလွန်းသဖြင့် မြေပြင်ပေါ်သို့ မျက်နှာအပ်ပြုတ်ကျကာ တခေါခေါအိပ်ပျော်သွားသည်။

သူသည် တစ်ညလုံးနှစ်ခြိုက်စွာ အိပ်မောကျခဲ့သည်။ နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် မျက်လုံးများကို အလင်းရောင်ထိုးသဖြင့် နိုးလာသည်။ သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်သောအခါ မနေ့ကထက်ပိုပြီးဝနေသည်ကို တွေ့ရလေသည်။ ထို့အပြင် သူ့အရေပြားပေါ်တွင်လည်း စေးကပ်ကပ်နှင့်အညစ်အကြေး အလွှာတစ်ခုလည်း ရှိနေသေးသည်။အညစ်အကြေးများကို ဆေးရန် အလျင်အမြန်ထွက်သွားချိန်တွင် ဖက်တီးကျန်း နှင့် အခြားသူများသည် ဂိုဏ်းသားများအတွက် မနက်စာပြင်ဆင်နေကြသည်။ သူတို့က ဖရိုဖရဲနှင့် အိပ်ရာနိုးလာစ ပိုင်ရှောင်ချန်းကိုတွေ့လိုက်သောအခါ ဝိုင်းရယ်ကြလေသည်။

"အမှတ်ကိုး ဂိုဏ်းတူညီလေး... ဒီအညစ်အကြေးတွေက မင်းကိုယ်ထဲကထွက်လာတဲ့ အညစ်အကြေးတွေကွ...ဒါတွေကို တစ်ခေါက် ဆေးကြောပြီးတိုင်းမှာ ကျင့်ကြံဖို့အတွက် တစ်ဆင့်ပိုလွယ်သွားပြီ...ရက်အနည်းငယ်လောက် အနားယူနိုင်တယ်...ခုရက်ပိုင်းတော့ ငါတို့ကို ကူလုပ်စရာ မလိုသေးဘူး...ဒီရက်တွေအတွင်းမှာ သေချာကျင့်ပေါ့...သြော်...ဒါနဲ့ ဝိညာဉ်ဆန်ကို မမေ့ပစ်လိုက်နဲ့နော်...ပျက်စီးမသွားခင် စားပစ်လိုက်ဦး ''

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Tahanan ng mga kuwento. Tumuklas ngayon