အခန်း(၉၅)

1.3K 214 9
                                    

အခန်း ( ၉၅ )

ဓားဆိုတာအဲဒီလိုသုံးရတာမဟုတ်ဘူးကွ!

     တောင်ဘက်ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်း
အား လေးစားစွာ ကြည့်လိုက်ကြပြီး ခံစားချက် အပြည့်ဖြင့် စကားလုံးများကို စတင်အော်ဟစ်ထုတ် ဖော်လာကြသည်။

     'ဂိုဏ်းတူဦးလေးပိုင်ဟာ နတ်ဘုရားတစ်ပါးပါပဲ'

     'ဂိုဏ်းတူဦးလေးပိုင်က မြောက်ဘက်ခြမ်းရဲ့မဟာ
ရန်ဘက်ဖြစ်သွားပြီ။ နောက်ပြန်လှည့်လို့မရတော့ဘူး။ ဒါပေမယ့် သူဘယ်အထိဆက်
သွားဦးမှာလဲ။'

     ဂိုဏ်းသားအများစုမှာ ပိုင်ရှောင်ချန်းသည် မြောက်
ဘက်ခြမ်းမှမဟုတ်သည့်အတွက် ပျော်ရွှင်မြူးထူးနေ
ကြသည်။ အကယ်၍ သူသာမြောက်ဘက်ခြမ်းကဆို
ပါလျှင် တောင်ဘက်ခြမ်းအနေဖြင့် မည်မျှအထိခံစားရ မည်ကိုတွေးကြည့်ရန်ပင်မဖြစ်နိုင်ချေ။

     'ငါတို့ တောင်ဘက်ခြမ်းဖို့တော့ ဦးလေးပိုင်တစ်
ယောက်ဆိုရင် လုံလောက်နေပါပြီ။ သူတစ်ယောက်
တည်းနဲ့ကို မြောက်ဘက်ခြမ်းတစ်ခုလုံး ရူးခါသွား အောင်မွှေနိုင်တယ်။'

     ရွှီပေါက်ချိုင်သည် ဤတစ်နေ့တည်းတွင်ပင် အံ့ဩ
တကြီးဖြစ်ရသည့် အကြိမ်ပေါင်းများစွာရှိနေပြီဖြစ်
သော်လည်း ယခုမှသာ ပိုင်ရှောင်ချန်း၏ စွမ်းအားသ
ည်အတိုင်းအဆမရှိသည်ကို သိသွားခြင်းဖြစ်သည်။
     မည်သို့ပင်ဖြစ်စေ လက်ရွေးစင်တိုက်ပွဲများ၏ အ
ခြေအနေသည် လုံးဝဥဿုံ ပြောင်းလဲသွားခဲ့သည့်တိုင်
အောင် ပွဲစဉ်များကိုဆက်လက်ကျင်းပနေသည်။ လေးကြိမ်မြောက် ပွဲစဉ်များ စတင်ချိန်တွင် တောင် ဘက်ခြမ်းသည် လေးစားမှုတို့ဖြင့်ပြည့်နှက်နေကာ မြောက်ဘက်ခြမ်းမှာမူ  ဒေါသများဖြင့်ရူးမတတ်ဖြစ်
နေကြသည်။

     ရှန်ကွမ်းထျန်ယုံ၊ ဝိညာဥ်စွယ်နှင့် ပိုင်ရှောင်ချန်းတို့
အားလုံးက နာမည်နှင့်လိုက်အောင် အနိုင်၃ပွဲစီ ရ
ထားပြီးဖြစ်ရာ ၄၊၅၊၆ နေရာများအတွက်နောက်ဆုံး
အဆင့်ကိုအပြီးသတ် သတ်မှတ်ရာတွင် ပါဝင်ရန်မလို အပ်ပေ။

     ကုန်းစွန်းမောင်နှမ ၊ရွှီဆုန် တို့ကအပြီးသတ်
တိုက်ခိုက်ရန် စင်ပေါ်တက်လာကြသည်။အဆုံးတွင်
ကုန်းစွန်းယွင်သည် ကုန်းစွန်းဝမ်အာကိုသာမက ရွှီ
ဆုန်ကိုပါအနိုင်ယူလိုက်သည်။အဆင့်သတ်မှတ်ရန်
တိုက်ပွဲများမလိုအပ်တော့ပေ။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Nơi câu chuyện tồn tại. Hãy khám phá bây giờ