ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း ( ၆၆ )
ဓားတောင်ကို ကျော်ရမလား၊ မီးပင်လယ်ကို ဖြတ်ရမလား....တောထဲတွင် အနည်းငယ်ကြာအောင် ပတ်သွားပြီးသောအခါ ဖြစ်ပျက်ခဲ့သည်များကို ပိုင်ရှောင်ချန်းမှာ တစ်စတစ်စ မြင်ယောင်လာသည်။ သူ၏ယူဆချက်များ မှန်ကန်သည်ဟု သူယုံကြည်နေသည်။ သူက အမည်မဲ့တောင်တန်းများကြားမှ ထွက်ခွာခဲ့ပြီး ရက်ပေါင်းများစွာ အရှိန်ကုန်ပြေးလွှားရင်း ကြယ်ကြွေတောင်ဆီသို့ပြန်ရောက်သောအခါ လောချိန်မျိုးနွယ်စု၏ ပျက်စီးနေသော အကြွင်းအကျန်များကို မြင်လိုက်ရသည်။
"ကြည့်ရတာတော့ တုလင်ဖေးနဲ့ ဟိုယွင်ဖေး တို့ ဂိုဏ်းကိုသတင်းပို့လိုက်နိုင်တဲ့ပုံပဲ။" သူက ထိုမြင်ကွင်းကိုမြင်သောအခါ စိတ်သက်သာရာရသွားသည်။ သူဖြတ်သန်းခဲ့ရသော စက်ဆုပ်ဖွယ်အရာများကို ပြန်တွေးမိလိုက်သောအခါ သက်ပြင်းချလိုက်ပြီး လေဟုန်စီးလှေငယ်ပေါ်သို့ ခုန်တက်လိုက်သည်။ ထိုပေါ်တွင် တင်ပျဥ်ခွေထိုင်ချလိုက်ရင်း အဝေးသို့ ပျံထွက်သွားတော့သည်။
" ဂိုဏ်းဆီ ပြန်သွားမယ်ကွ " သူက မျှော်လင့်ချက်များပြည့်နေသော မျက်လုံးများဖြင့် ကြွေးကြော်လိုက်သည်။ ဂိုဏ်းအတွက် ကြီးမားသောလုပ်ငန်းကြီးကို ဆောင်ရွက်ပေးထားသည့်အတွက် ပြန်ရောက်လျှင် ကောင်းကောင်းကြီးဆုချခံရမည်ဟု သူယုံကြည်ထားသည်။
ထိုအတွေးများကြောင့်် သူပို၍ပင်စိတ်လှုပ်ရှားလာတော့သည်။ လမ်းလယ်တွင်သူက သူ၏ထည့်စရာအိတ်ကို အာရုံရောက်သွားသည်။ လောချိန်မျိုးနွယ်စုဝင် ကျင့်ကြံသူများထံမှရထားသော အိတ်များကို မွှေနှောက်ရှာဖွေလိုက်သောအခါ ပစ္စည်းအချို့နှင့် စိတ်စွမ်းအင်ကျောက်တုံးအနည်းငယ်ကို ရှာတွေ့လေသည်။
ပိုင်ရှင်မည်သူမှန်းမသိသော အိတ်တစ်အိတ်ထဲတွင် တန်ဖိုးအရှိဆုံးပစ္စည်းတစ်ခုကို သူတွေ့လိုက်သည်။ ထိုအရာမှာ လူ့လက်သီးဆုပ်စာလောက်ရှိသော သစ်စေ့တစ်စေ့ဖြစ်သည်။ ထိုအစေ့မှာ လူ၏နှလုံးသားအလား တဒုတ်ဒုတ်ခုန်နေပြီး အထဲတွင် အသက်ရှင်နေသောအရာတစ်ခု ဝင်နေသည့်အလားပင်။ သို့သော်လည်း ထိုသို့ ခုန်သံမှာ တဖြည်းဖြည်း အားနည်းလာသည်။
![](https://img.wattpad.com/cover/202513294-288-k836675.jpg)
ESTÁS LEYENDO
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
De TodoUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...