ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း ( ၉၀ )
မြောက်ဘက်ခြမ်း၏ဘုံရန်သူပေဟန်လဲ့နှင့် သူ၏ဆရာတို့ထွက်ခွာသွားကြသောအခါ တောင်ဘက်နှင့်မြောက်ဘက်ဂိုဏ်းသားများမှာ စိတ်တွေဂယောင်ခြောက်ခြားဖြစ်ကာ မျက်လုံးပြူးကြီးများဖြင့် ဆွံ့အနေကြတော့သည်။ သူတို့ခေါင်းထဲတွင် ပေဟန်လဲ့နှင့် သူ၏ခွေးကြီးတို့အကြား ဖြစ်ပျက်ခဲ့သော အရာများသာ ကျန်ခဲ့တော့သည်။
ဂိုဏ်းသားများသာ အံ့အားသင့်နေသည်တော့မဟုတ်ပေ။ ဂိုဏ်းခေါင်းဆောင်၊ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများပါ ဆွံ့အနေကြတော့သည်။ သူတို့အားလုံးက ကွင်းထဲရှိ အပြစ်ကင်းစင်သော အမူအရာနှင့် ပိုင်ရှောင်ချန်းကိုသာ ငေးကြည့်နေကြတော့သည်။
အကြီးအကဲကျိုးမှာ အသားတဆတ်ဆတ်တုန်နေပြီး မျက်လုံးကြီးများဖောင်းကားလာကာ မျက်နှာပေါ်တွင် ခံစားချက်ပေါင်းစုံ ရောထွေးနေတော့သည်။ လေထဲတွင်ဝဲပျံနေသော ဖီးနစ်ငှက်ကမူ အတိတ်တုံးက ၎င်းကပိုင်ရှောင်ချန်းကို မတရားစွပ်စွဲခဲ့ခြင်း မဟုတ်ကြောင်း လူတိုင်းကိုသိစေချင်နေသည့်အလား စူးစူးရှရှ အော်မြည်နေတော့သည်။
အဆုံးတွင် အသက်ရှူသံများကိုပြန်ကြားလိုက်ရပြီး တောင်ဘက်ခြမ်း၏အပြင်စည်းဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေကြတော့သည်။
အမျိုးသမီးများကမူ မျက်နှာများနီမြန်းနေကြပြီး သူ့ကိုရွံရှာစက်ဆုပ်ဖွယ်သတ္တဝါကြီးတစ်ကောင်အလား တံတွေးများဖြင့် ထွေးနေကြတော့သည်။
သို့သော်လည်း အမျိုးသားများမှာ ပို၍ပင် ခံစားနေကြသည်ဖြစ်သည်။ တစ်ယောက်မကျန် ပိုင်ရှောင်ချန်းကို ရှောင်ခွာသွားကြပြီး ဘ ပေဟန်လဲ့ကို စာနာသနားစိတ်များနှင့်အတူ နဖူးပေါ်တွင် ချွေးများပင် ထွက်လာတော့သည်။
အဆုံးတွင် ထိုလူအုပ်ကြီးမှာ ဆူဆူညံညံဖြစ်ကုန်ကြတော့သည်။
" ဂိုဏ်းတူ ဦး...ဦးလေးပိုင်က... နတ်....နတ်ဘုရားတစ်ပါးပဲဟေ့။ အဲ့ ပေဟန်လဲ့ဆိုတဲ့ကောင် ဘယ်တော့မှ နာလန်ပြန်ထူနိုင်မှာမဟုတ်တော့ဘူး။"
" ဂိုဏ်းတူဦးလေးပိုင်ကို ဘယ်တော့မှ ရန်မစမိကြစေနဲ့။ သူက လုံးဝကို အန္တရာယ်အကြီးစားကြီးပဲ။"
" အဲ့တာ အကြီးအကဲကျိုးရဲ့ဖီးနစ်ငှက်ကို သူ ကျွေးခဲ့တဲ့ဆေးလုံးနဲ့ တူတူပဲမလား။ အဲ့ဆေးက တိရစ္ဆာန်တွေအတွက် ကာမအားတိုးဆေးကြီးပဲဟ။ ဘာလို့များ ဂိုဏ်းတူဦးလေးပိုင်က အဲ့လိုဆေးမျိုးတွေများ ဖော်စပ်ပါလိမ့်။ တွေးလို့ကိုမရဘူး။"
မည်သည့်နည်းနှင့်နိုင်နိုင် ပိုင်ရှောင်ချန်းက တောင်ဘက်ခြမ်းအတွက် ဒုတိယမြောက်နိုင်ပွဲဖြစ်သည့် အနိုင်တစ်ပွဲရယူပေးခဲ့ပြီဖြစ်သည်။ တောင်ဘက်ဂိုဏ်းသားများမှာ မည်သို့ခံစားရမည်ကို ဝေခွဲမရဖြစ်နေသော်လည်း သူတို့မှာ ပိုင်ရှောင်ချန်းကို စတင်အားပေးနေကြတော့သည်။
CZYTASZ
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
LosoweUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...