ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း ( ၈၃ )
အကြီးအကဲကျိုး....ခင်ဗျားအပေါ်မူတည်သွားပြီ။ကျိန်းယွမ်သုန်တစ်ယောက်ထဲ ပိုင်ရှောင်ချန်း ကို သတိထားမိသည်မဟုတ်ပေ။ အခြားလူတိုင်းမှာ အုပ်အော်သောင်းနင်းဖြစ်နေကြသော်လည်း ပိုင်ရှောင်ချန်းတစ်ယောက်သာလျှင် ဝါရင့်ဂိုဏ်းသားတစ်ယောက်အလား မိန့်မိန့်ကြီး မတ်တတ်ရပ်နေခြင်းဖြစ်သည်။ သူ၏ပုံစံမှာ လူတိုင်းထက် ထင်ပေါ်နေတော့သည်။ ပွဲကြည့်စင် ပေါ်ရှိ အကြီးအကဲတစ်ယောက်က ပြုံးကာဆ်ိုလိုက်သည်။
" ပိုင်ရှောင်ချန်းက ချီစုစည်းမှုအဆင့်ရှစ်ကို ရောက်နေပြီ။ ပြီးတော့ လောချိန်မျိုးနွယ်စုရဲ့လက်ထဲကနေ သေခြင်းတရားကို အံတုပြီး လွတ်အောင်တိုက်ခိုက်လာတာ။ သူသေချာပေါက် ထိပ်ဆုံးဆယ်ယောက်ထဲဝင်မှာပဲ။ ထိပ်ဆုံး ငါးယောက်ထဲတောင် ပါရင်ပါသွားနိုင်တယ်။"ထိုအခါ နောက်ထပ်အကြီးအကဲတစ်ယောက်ကလည်း ထောက်ခံသောလေသံဖြင့် ဝင်ပြောသည်။
" ဟုတ်တယ်။ သူ့မှာ အပင်နဲ့အသီးအရွက်တွေနဲ့ပတ်သတ်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုပဲရှိတာမဟုတ်ဘူး။ သူက တုန်လှုပ်ဖို့ကောင်းလောက်အောင် အစွမ်းထက်တဲ့ အပြင်အားကျင့်ကြံနည်းပညာရပ်ကို ကျင့်ထားတာ။ ဒီနေ့ပွဲမှာ သူက မထင်မှတ်ပဲ နံပါတ်တစ်နေရာတောင် ရရင် ရသွားနိုင်တယ်။"ထိုမှတ်ချက်များကို ကြားလိုက်ရသောအခါ ကျိန်းယွမ်သုန်နှင့် လီချင်းဟောက် တို့၏မျက်နှာများမှာ ဝင်းပသွားသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကာ အားပါးတရ ရယ်မောနေတော့သည်။
" အဲ့ကောင်လေးက အခြားလူတွေနဲ့ မတူဘူး။ သူ့ခံယူချက်က သူ့ရွယ်တူတွေထက် ပိုထက်သန်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုံးက သူ့ကို ကျုပ်ဂိုဏ်းထဲခေါ်လာပြီး မင်းဘာလို့ကျင့်ကြံခြင်းကျင့်စဥ်တွေကို လေ့ကျင့်ချင်တာလဲ လို့မေးလိုက်တော့ သူဘာဖြေတယ်မှတ်လဲ... ထာဝရအသက်ရှင်ချင်လို့တဲ့ဗျာ။" သူက ရယ်ရယ်မောမောပြောဆိုရင်း ပိုင်ရှောင်ချန်းကို နွေးထွေးသော မျက်ဝန်းတစ်စုံဖြင့် လှမ်းကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းကို ပေးရန်သူပြင်ဆင်နေသော အကာအကွယ်မှော်ပစ္စည်းမှာ အရည်အချင်းစစ်ပွဲများပြီးလျှင်အပြီးသတ်ပြီးသားဖြစ်သွားမည်ဖြစ်သည်။
ESTÁS LEYENDO
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
De TodoUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...