အခန်း ( ၁၆၁ )

1K 147 0
                                    

Zawgyi

ဒီရေစီးကြောင်းကို ဖျက်စီးပစ်မယ်။

ဝိညာဉ်စွယ်နှင့် ရှန်ကွမ်းထျန်ယုံမှာ စုန့်ချွဲ၏မန္တန်အစီအရင်ကို တိုက်ခိုက်နေခဲ့ကြသည်။ မန္တန်အစီအရင်မှာ အက်ကွဲပြိုလဲကျသွားပြီဖြစ်သော်လည်း ကာကွယ်ထားဆဲဖြစ်သည်။

စုန့်ချွဲ၏နဝမအကြိမ်မြောက် ရေဝဲငယ်မှာ မြန်မြန်ဆန်ဆန်လှည့်ပတ်ကာ မြေခဓားကမ္ဘာမှ မြေစီးကြောင်းစွမ်းအင်များကို စုပ်ယူနေလေသည်။

သူ၏မျက်လုံးများမှာ ပိတ်ထားသော်လည်း လုံးဝကိုရဲရဲနီလျက်ရှိသည်။ သူက ထိုနေရာတွင် တင်ပျဉ်ခွေထိုင်လိုက်ကာ မန္တန်အစီအရင်အဖြစ်သူချိတ်ဆက်ထားသည့် မြေခဓားကမ္ဘာတစ်လျှောက်ရှိ စွမ်းအင်အမှတ်အသားများမှတစ်ဆင့် မြေစီးကြောင်းစွမ်းအင်ကို စုပ်ယူခြင်းအပါအဝင် အရင်းအမြစ်အားလုံးကို ဖယ်ရှားယူဆောင်လိုက်သည်။

ထို စွမ်းအင်အမှတ်အသားများကို မည်သူမျှမမြင်နိုင်သော်လည်း ယခုတွင် သူတို့အပေါ်၌ အက်ကွဲကြောင်းများစတင်ပေါ်လာသည်။ အထူးသဖြင့် ပိုင်ရှောင်ချန်းက ဓားကမ္ဘာအပြင်ဘက်တွင် စုန့်ချွဲနှင့်ပထမဆုံးတွေ့ဆုံခဲ့သည့်နေရာရှိအမှတ်အသား မှာစတင်ကွဲအက်လာသည်။ အက်ကွဲကြောင်းမှာပျံ့နှံ့လာပြီး ကြီးမားသည့် မျက်နှာပြင်ရှိသော ဓားမှာ ပြိုလဲကြေမွသည်အထိ စတင်၍ မတည်မငြိမ်ဖြစ်လာသည်။

သို့သော်လည်း ဓားကိုဖျက်ဆီးနိုင်သည့် လက္ခဏာများကို ရှာဖွေရန် မဖြစ်နိုင်ပေ။ မီးတောက်ကြိုးကြာတောင်ရှိ အူယန်ကျဲပင် မတတ်နိုင်ချေ။

"မြန်မြန်လုပ်ရမယ် " စုန့်ချွဲ က စိတ်ထဲတွင် ကြုံးဝါးလိုက်သည်။ သူက လက်များကို သူ၏ရှေ့ရှိ မြေပြင်ပေါ်တွင် ခွဲ၍ဖြန့်လိုက်ပြီး မြေစီးကြောင်းစွမ်းအင် အမြောက်အများကိုစုပ်ယူလိုက်သောအခါ သူ၏ဦးခေါင်းပေါ်ရှိဆံပင်များက လွင့်သွားလေသည်။ ရေဝဲငယ်မှာ လည်ပတ်လာသည်နှင့်အမျှ သူက နဝမအကြိမ်မြောက် ဒီရေစီးကြောင်းကို ပြီးမြောက်ရန် နီးကပ်လာကာ သူ၏ပတ်လည်ရှိ ကမ္ဘာကြီးမှာ တုန်ခါလာလေသည်။ ကောင်းကင်ကြီးကပင် အားနည်းသွားသည့်ပုံ ဖြစ်သွားလေသည်။

ထာဝရအသက်ရှည်လိုသော် အတှဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Donde viven las historias. Descúbrelo ahora