ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း(၄၉)
လောချိန်မျိုးနွယ်စုဖိန်းယန်သည် ဂိုဏ်းအပြင်ထွက်ကာ တာဝန်များစွာ ထမ်းဆောင်ဖူးသော်လည်း ဤအကြိမ်မှာ ပထမဆုံးအကြိမ်အဝေးကြီးသို့သွားရခြင်းပင်ဖြစ်သည်။ စောစောကဖြစ်ရပ်များကြောင့် တုလင်ဖေး ကြက်သေသေနေသည်မဆိုထားနှင့် သူကိုယ်တိုင်ပင်လျှင် ခေါင်းကြိမ်းနေသည်။
သို့သော်လည်း ကံကောင်းထောက်မစွာနှင့်ပဲ သူတို့ကြုံတွေ့ခဲ့ရသော အင်အားကြီးသတ္တဝါတစ်ကောင်တစ်လေကမှ သူတို့ကိုတိုက်ခိုက်ရန် စိတ်မဝင်စားပေ။ အလွန်ဆုံးမှာ အထူးတဆန်း လှမ်းကြည့်ရုံလောက်ပင် လုပ်ကြသည်။ သူတို့သုံးယောက်အုပ်စုမှ ထွက်ပေါ်နေသော အခိုးအငွေ့များကြောင့် ထိုသတ္တဝါကြီးများက သူတို့ကိုရှောင်ရှားနေကြခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းကမူ သူတို့မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကဖြစ်သောကြောင့် ရန်မူခြင်းမခံရခြင်းဖြစ်သည်ဟု ထင်မှတ်နေသည်။ ဤနေရာမှာ ဂိုဏ်းနှင့်အဝေးသို့ရောက်နေပါသော်လည်း ဂိုဏ်း၏လွှမ်းမိုးမှုအောက်တွင် ရှိနေသေးသည်။
သူတို့အုပ်စုမှာ ကြောက်ရွံ့နေသော်လည်း ရှေ့သို့ဆက်၍ ချီတက်ခဲ့ကြသည်။ ပထမဆုံးတစ်လပြီးသောအခါ ကြိုတင်သတ်မှတ်ထားသောနေ့တစ်နေ့တွင် ဂိုဏ်းနှင့်အဆက်အသွယ်လုပ်ကာ သူတို့၏လက်ရှိနေရာကို သတင်းပို့လိုက်သည်။ ဒုတိယမြောက်လတွင်လည်း ထိုနည်းတူပင်။ ထိုအချိန်တွင်မူ သူတို့က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နယ်စပ်ဖြစ်သော ကြယ်ကြွေတောင်၏နယ်မြေထဲသို့ရောက်နေပြီဖြစ်သည်။
ခရီးစဥ်တစ်လျှောက်လုံး ဖိန်းယန်က ပိုင်ရှောင်ချန်းကို လျှို့ဝှက်စွာ တိုက်ခိုက်ရန်ကြံစည်ခဲ့ပါသော်လည်း ခရီးတစ်လျှောက်သူမြင်ခဲ့ရသောအရာများကြောင့် သူကကြောက်ရွံ့နေသည်။ သူတိုက်ခိုက်ချင်စိတ်လည်း မပေါ်သေးပေ။ ထို့အပြင် ပိုင်ရှောင်ချန်းသည် သတိကြီးကြီးထားနေပြီး တုလင်ဖေးနားက မခွာသည့်အတွက် ဖိန်းယန်မှာ စတင်လှုပ်ရှားရန် စိုးရိမ်နေသည်။ အဆုံးတွင် သူက အချိန်ကောင်းအခါကောင်းကိုစောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။
YOU ARE READING
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
RandomUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...