အခန်း(၄၇)

1.3K 195 1
                                    

ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ...Ergen

အခန်း ( ၄၇ )

ဂိုဏ်းပြင်ပသို့ ထွက်ခွာလာသော ရှောင်ချန်း

အာရုံတက် ဝေလီဝေလင်းအချိန်တွင်ဖြစ်သည်။ နေရောင်​ခြည်များပင်လျှင် ကောင်းကင်တခွင်တွင် ဖြာထွက်နေပြီ။ ထိုစဥ် ပိုင်ရှောင်ချန်း၏ ဂိုဏ်းတံဆိပ်ပြားက တုန်ခါလာသည်။ ရှောင်ချန်းသည် ခြံဝန်းလေးရှေ့တွင်ရပ်ကာ သူနှစ်နှစ်လောက်နေထိုင်ခဲ့သည့် သစ်လုံးအိမ်လေးကို ငေးမောကြည့်ရင်း သက်ပြင်းအရှည်ကြီးကိုချလိုက်သည်။

"ငါတော့ ​သေချာကို ဂရုစိုက်ရတော့မယ်။ ငါ့ရဲ့မရှိမဲ့ ရှိမဲ့အသက်ကလေးကိုတော့ အသေမခံနိုင်ပါဘူး''

ပိုင်ရှောင်ချန်း၏မျက်နှာတွင် တုန်လှုပ်နေသောအရိပ်အယောင်များကို အတိုင်းသားတွေ့မြင်နေရသည်။ သူသည် ထုံးစံအတိုင်း သားရေဝတ်ရုံကြီး ရှစ်ထပ်ကို ဝတ်ဆင်ထားလေသည်။ ထို့အပြင် ဖက်တီးကျန်းကြီး၏ အနက်ရောင် ဒယ်အိုးကြီးကိုပါ သူ့နောက်မှာ လွယ်ထားသေးသည်။ ရှောင်ချန်းသည် ပိန်ပါးပါးလေးဖြစ်သော်လည်း ယခုပုံစံက လေပြည့်နေသော ပူဖောင်းကြီးကဲ့သို့ ဖြစ်နေသည်။

အင်မတန်စိုးရိမ်နေသော မျက်နှာသွင်ပြင်နှင့်ရှောင်ချန်းသည် မွှေးရနံ့တိမ်တောင်မှ ထွက်ခွာလာကာ တောင်ဘက်ဂိုဏ်း၏ နယ်စပ်အထိမ်းအမှတ်ဖြစ်သော တံခါးဂိတ်မကြီးဆီသို့ ရှေးရှုလိုက်သည်။ လမ်းတစ်လျှောက်တွင် ဂိုဏ်းသားများအားလုံးသည် ပိုင်ရှောင်ချန်း၏ သာမန်မဟုတ်သည့် ဝတ်စားးဆင်ယင်ဟန်ကြောင့် ငေးမောကြည့်ကာ အံ့သြနေကြသည်။

ပိုင်ရှောင်ချန်းသည် အင်မတန် စိတ်ညစ်နေပြီး မျက်နှာရှစ်ခေါက်ချိုးနှင့် လျှောက်လာသည်။

လမ်းတလျှောက်တွင် ​မည်သည့်အချိန်တည်းက သိထားသည့်သူပင်ဖြစ်ပါစေ လက်ပြနှုတ်ဆက်ရုံထက် မပိုပေ။ ဂိတ်ကိုရောက်သောအခါ သူ့ထက်အရင်ရောက်နှင့်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုထဲက တစ်ယောက်သည် တင်ပျဉ်ခွေကာ ထိုင်လျက်ရှိသည်။ နောက်တစ်ယောက်သည် မိန်းမပျိုတစ်ဦးဖြစ်ပြီး ဂိတ်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ သို့သော် ထိုမိန်းကလေးက သူ့ကိုလှမ်းကြည့်လိုက်စဥ်တွင်တော့ ရင်းနှီးကျွမ်းဝင်ပြီးသား မျက်နှာဖြစ်နေလေသည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now