အခန်း ( ၁၁၇ )
ဟန်ဇောင်ကျောင်းတော်၏ ဆေးပညာလက်စွဲကျမ်း“မွှေးရနံ့တိမ်တောင်ရဲ့သင်္ကေတကို ဖျက်ဆီးဖို့အတွက် အခက်ဆုံးအပိုင်းက မင်းကိုသတိမပြုမိစေဘဲနဲ့ နည်းလမ်းတစ်ခုရှာဖို့ပဲ ” မျောက်က တောက်ပသောမျက်လုံးတွေနှင့် ပြောလိုက်သည်။
“မှန်ကန်တဲ့ နည်းလမ်းကို သုံးမယ်ဆိုရင် ချီစုစည်းမှုအဆင့် ဂိုဏ်းသားတစ်ယောက်က တောင်လုပ်နိုင်တယ်။အချိန်အလုံအလောက် ရမယ် ဆိုရင်ပေါ့လေ။ တောင်ဘက်ခြမ်းကတော့ ထိုးဖောက်ဝင်ရောက်ခံနေရပြီ။”ဟန်ဇောင်၏ မျက်လုံးများက အေးစက်စက်အရောင်များဖြင့် တောက်ပလာကြသည်။ မန္တာန်ဝင်္ကပါအား ဖျက်ဆီးခြင်းသည် လွယ်နိုင်သော်လည်း ပြင်ဆင်ရန်အတွက်မူ ဆန့်ကျင်ဘက်ဖြစ်သည်ကို သူ ကောင်း
စွာသိလေသည်။ ထိုအရာသည် ပန်းအိုး၁အိုးကဲ့သို့ပင်။
ကလေးတစ်ယောက်ကပင်လျှင် ပန်းအိုးကို ခွဲပစ်နိုင်သော်လည်း ပြန်ပြင်ရန်အတွက်မူ ပညာရှင်၁ယာက်၊ ဆရာကြီးအဆင့် ၁ယောက်မှသာလျှင် တတ်နိုင်ပေ မည်။“ထိုးဖောက်ဝင်ရောက်တယ်..” ဟန်ဇောင်ကခေတ္တ
မျှ တွေးလိုက်ပြီးနောက် တာအိုသစ်စေ့တောင် ဆီသို့ လက်လှမ်းလိုက်ကာ ဖမ်းဆုပ်သည့်ဟန် ပြုလုပ်လိုက်လေသည်။ ခဏမျှကြာပြီးနောက် ကျောက်စိမ်းပြား၁ခုသည် သူ့ဆီသို့ ပျံသန်းလာကာ လက်အတွင်းသို့
ရောက်ရှိသွားလေ၏။ အတွင်းတွင် လွန်ခဲ့သော နှစ်၃၀ အတွင်းက ဂိုဏ်းတွင်ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းထားသော မှတ်တမ်းများရှိပေ
သည်။ ထိုထဲတွင် လျှပ်စီး ၊အက်စက်မိုး၊ မြွေ၁၀၀၀ တောင်ကြားတွင် ဆေးဖော်စပ်ခြင်း စသော ပိုင်ရှောင်ချန်း၏ အသေးစိတ် အချက်အလက်များ အားလုံး အပြည့်အစုံ ပါဝင်လေသည်။ထိုအရာအား စစ်ဆေးပြီးနောက်တွင် သူ့မျက်နှာ၌ ထူးဆန်းသောအမူအရာ ဖြစ်လာ၏။ ပုံစံကြည့်ရသည်မှာ ပိုင်ရှောင်ချန်းသည် လမ်းလျှောက်နေသည့် ဘေးအန္တရာယ်ဆိုးကြီးနှင့် တူနေပေသည်။ သို့ရာတွင် တခဏသာ ပင်။ ဟန်ဇောင်၏မျက်လုံးများက အရောင်လက် လာကြကာ
“ဒီကောင်လေးရဲ့ ဆေးဖော်တာတွေက နတ်ဆိုးတစ်ကောင်ခေါ် လာတဲ့ အတိုင်းပဲ.....”
VOUS LISEZ
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
AléatoireUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...