အခန်း (၁၀)

1.7K 252 2
                                    

Unicode

နတ်မီးလျှံစမ်းသပ်ပွဲ

အစ်ကိုဖက်တီးများသည် ဝိညာဉ်ကျောက်တုံးများကဲ့သို့ လင်းလက်တောက်ပနေသာမျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို အထင်တကြီး ငေးကြည့်နေကြသည်။ ဖက်တီးကြီးကျန်းဆိုလျှင် မျက်လုံးများမှာ မီးတောက်မီးလျှံများဖြင့် တောက်လောင်နေသလိုပင်။

"အစ်ကိုကြီးတို့...ဒီမှာကြည့်ကြပါဦး.....စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တောင်ထိပ်သုံးခုမှာ လစဉ်လတိုင်း နတ်မီးလျှံစိန်ခေါ်ပွဲရှိတယ်လေ။ ဒီပွဲက ကျွန်တော်တို့လို အစေခံတွေအတွက် ချံ ုကြားက ဘုံဖျားရောက်မယ့် အခွင့်အရေးပဲမဟုတ်လား" ပိုင်ရှောင်ချန်းသည် ဟန်ဆောင်မှုကင်းစွာ အားတက်သရော ပြောနေသည်။

အစ်ကိုဖက်တီးကျန်းက ခေါင်းတစ်ချက်ငြိမ့်ကာ ထောက်ခံသည်။
"ဒါပေမယ့် ဂိုဏ်းကတော့ အတော်တကာ့ အတော်ဆုံးတွေကိုပဲ လက်ခံတာဆိုတော့ ဘယ်နှယောက်ပဲ ဝင်ပြိုင် ဝင်ပြိုင် ဂိုဏ်းခွဲတစ်ခုအတွက် ဂိုဏ်းသားအသစ် တစ်ယောက်စီပဲရွေးမှာမလား။ အဲ့ဒီတော့ ပြိုင်ပွဲမှာ ထိပ်ဆုံးသုံးယောက်ပဲ ရွေးခံရမယ်ဗျာ" ရှောင်ချန်က နှုတ်ခမ်းတသတ်သတ်ဖြင့် အားတက်သရောပြောနေလေရာ ဖက်တီးကြီးကျန်းမှာ လေးလေးနက်နက်နားထောင်ပေးနေသည်။

အမှတ်သုံး ဖက်တီးဟီမှလွဲ၍ ကျန်ဖက်တီးများမှာ ပိုင်ရှောင်ချန့်စကား၏ ဦးတည်ချက်ကို နားလည်ဟန်မတူ။

ဖက်တီးကြီးကျန်းသည် ပိုင်ရှောင်ချန်ကို ကြည့်နေရင်း မျက်လုံးများ အရောင်လက်လာသည်။
"ဒီတော့ ညီငယ် ဆိုလိုတာက...."

"အစ်ကိုကြီးတို့ ညီလေးတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် တောင်ထိပ်သုံးခုလုံးမှာ ထိပ်ဆုံးသုံးနေရာကို အေးဆေးလေးပဲ ယူလို့ရတယ်ဗျာ" ပြောနေရင်း ပိုင်ရှောင်သည် အစ်ကိုဖက်တီးများကို တစ်ချက် ဝေ့ဝဲကြည့်လိုက်သည်။ သူတို့အားလုံးမှာ ကျင့်ကြံမှုတွင် ချီစုစည်းမှု အဆင့်သုံးအထိ ပြီးမြောက်သူများဖြစ်ကြသည်။ ဖက်တီးကျန်းနှင့် အမှတ်သုံး ဖက်တီးဟီတို့ဆိုလျှင် အဆင့်သုံး၏ အတော်မြင့်သောအခြေအနေမှာရှိပြီး စားဖိုဆောင်ကိုသာ သံယောဇဉ်တွယ်မနေလျှင် ဟိုးအရင်ကပင် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်နေပြီ ဖြစ်သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Où les histoires vivent. Découvrez maintenant