အခန်း(၂၉)

1.5K 237 1
                                    

အခန်း ( ၂၉ )
လေးလံခြင်းမှသည် ပေါ့ပါးခြင်းဆီသို့

ကျောက်စိမ်းလည်ဆွဲ၏ အကာအကွယ်စွမ်းအားကို အသေးစားစစ်ဆေးမှုလုပ်ပြီးသွားသောအခါ ပိုင်ရှောင်ချန်းမှာ တဟားဟားနှင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထို့နောက် သူ၏အာရုံကို သစ်သားဓားဆီသို့ လွှဲလိုက်သည်။ သူဂိုဏ်းထဲစစဝင်ချင်း ကထဲကထိုဓားကို ပိုင်ဆိုင်ခဲ့သည်ဖြစ်ပြီး စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းနှစ်ဆင့်ထိ လုပ်ပြီးသွားပြီဖြစ်သည်။

ပိုင်ရှောင်ချန်းက ပြုံးရင် စိတ်ထဲတွင်တွေးနေသည်။

"ဒီကျောက်စိမ်းလည်ဆွဲရဲ့ ကာကွယ်နိုင်စွမ်းနဲ့ ငါ့ရဲ့သစ်သားဓားကို အဆင့်သုံးစိတ်စွမ်းအင်အဆင့်မြှင့်ခြင်း လုပ်ပြီးသွားတဲ့ အခါ ရလာမယ့် စွမ်းအင်ကိုပေါင်းစပ်လိုက်ရင် ငါလုံးဝကို ထူးကဲသွားမှာပဲ။"

ထို့နောက်သူက သစ်သားဓားကို စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းလုပ်ရန် ပြင်ဆင်လိုက်သည်။

ငွေရောင်အလင်းတန်းများ လိပ်ဒယ်အိုးထဲတွင် ပေါ်ထွက်လာသည်။ ထိုအလင်းတန်းများပျောက်ကွယ်သွားသောအခါ သစ်သားဓားမှာ ပိုင်ရှောင်ချန်းရှေ့တွင်ပေါ်လာသည်။ဓားပေါ်တွင် ငွေရောင်အင်းကွက် ၃ကွက်တောက်ပလာပြီး ဖြေးဖြေးချင်း မှေးမှိန်ပျောက်ကွယ်သွားသည်။ တစ်ချိန်ထဲမှာပင် ဓား၏သွင်ပြင်လက္ခဏာမှာ ပြောင်းလဲသွားသည်။ လက်တစ်ချောင်းပမာဏခန့် ပို၍ရှည်လာပြီး သစ်သား၏အကြောများမှာ ခရမ်းရောင်ပြောင်းသွားတော့သည်။

ထို့အပြင် နှာခေါင်းထဲသို့စဝင်သည့်အချိန်တွင် မွှေးကြိုင်သောအနံ့ရှိသော်လည်း ခဏအကြာတွင် စိတ်ကိုရှုတ်ထွေးသွားစေသော ထူးဆန်းသည့်အနံ့တစ်မျိုးလည်း ဓားမှပေါ်ထွက်လာသည်။

ပိုင်ရှောင်ချန်းလည်း တစ်ခဏမျှ တုန်လှုပ်သွားပြီးနောက် သူ၏မျက်လုံးများမှာ ကြည်လင်သွားသည်။ ဓားကိုတုန်လှုပ်စွာကြည့်လိုက်ပြီး လှမ်းယူလိုက်သောအခါ အရင်ကထက် များစွာလေးလံနေသည်ကို ခံစားလိုက်ရသည်။ သူ၏လက်ထဲတွင်ကိုင်ထားစဥ်မှာပင် ဓားကမထင်မှတ်ပဲ ကျောက်ဆောင်တစ်ခုအလား လေးလံလာသည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Donde viven las historias. Descúbrelo ahora