ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း ( ၈၂ )
တောင်ဘက်ခြမ်း၏လက်ရွေးစင်
လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာအတွင်း မြောက်ဘက်အုပ်စုသည် တောင်ဘက်အုပ်စုထက် ပိုမိုသာလွန်နေခဲ့၏။ ကျင်းပခဲ့ပြီးသော အပြင်စည်းဂိုဏ်းသားလက်ရွေးစင်ရွေးပွဲများအားလုံးနီးပါးတွင် နောက်ဆုံးလက်ရွေးစင် ဆယ်ယောက်မှာ များသောအားဖြင့် မြောက်ဘက်ဂိုဏ်းသားများဖြစ်သည်။ တောင်ဘက်အုပ်စုက အသာစီးရသည်ဆိုသည်မှာ မရှိသလောက်ဖြစ်ပြီး ပထမနေရာဆိုသည်မှာကား လက်ချိုးရေ၍ရလောက်အောင် နည်းပါးလေသည်။ ပထမနေရာသည် အချိန်တိုင်း မြောက်ဘက်ဂိုဏ်းသားများအတွက်သာ ဖြစ်၍နေလေသည်။
ထိုသို့ဖြစ်နေရသည့် အကြောင်းရင်းတစ်ခုမှာ မြောက်ဘက်တွင် တောင်ထိပ်လေးခုရှိကာ တောင်ဘက်တွင်မူ တောင်ထိပ်သုံးခုသာရှိ၍ဖြစ်သည်။ လွန်ခဲ့သောနှစ်တစ်ထောင်ကျော်က အခြေအနေမှာမူ ယခုနှင့် ကွာခြားလှပေသည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရာတွင်ဖြစ်စေ၊ ဆေးဖော်စပ်ရာတွင်ဖြစ်စေ၊ တောင်ဘက်အုပ်စုဂိုဏ်းသားများသည် ဂိုဏ်း၏ဂုဏ်ဆောင်များဖြစ်ကြပြီး အခြားမည်သူမှ သူတို့နှင့်မယှဉ်ပြိုင်နိုင်ကြပေ။ မြစိမ်းရောင်တောင်ထိပ်မှ ဓားသမား များကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးတွင် ဓားပညာနှင့်ပတ်သက်ပြီး ပြိုင်ဘက်ကင်း ဟု တညီတညွတ်တည်း သတ်မှတ်ခြင်းခံရသည်။
ယခုမူ အကြောင်းအမျိုးမျိုးကြောင့် အရာရာပြောင်းလဲသွားခဲ့ပြီး မြောက်ဘက်အုပ်စုက အင်အားအကြီးဆုံးဖြစ်နေသည်။ သူတို့သည် လက်ရွေးစင်တိုက်ပွဲများတွင် အောင်မြင်မှုများစွာကို ဆက်တိုက်ဆိုသလို သိမ်းပိုက်နိုင်ခဲ့ပြီး၊ သူတို့၏ တိုက်ပွဲဝင်စွမ်းအားများကို တိုးပွားလာစေမည့် များပြားလှသော ရတနာများကို ဆုအဖြစ်ရရှိခဲ့ကြသည်။ ထို့အပြင် သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ်သည် တောင်ဘက်အုပ်စုနှင့် တော်တော်လေးကွဲပြားသည်။ မည်မျှကွဲပြားသနည်းဆိုလျှင် ပြင်ပ ကျင့်ကြံခြင်းမျိုးနွယ်စုများက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွင်း မြောက်ဘက်အုပ်စုကို လာရောက်ကြည့်ရှုကြရသည်အထိဖြစ်သည်။
ESTÁS LEYENDO
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
De TodoUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...