အခန်း(၅၈)

1.2K 189 0
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ  Ergen

အခန်း(၅၈)
မုန်ယိုနေသော သားရဲကောင်၏တိုက်ပွဲ

မိုးများမှာ သည်းထန်စွာရွာသွန်းနေပြီး မိုးများချိန်းကာ ကောင်းကင်တခွင်တွင် လျှပ်စီးများက တဖျပ်ဖျပ်လက်နေပြီး လောကကြီးမှာ မှောင်လိုက် လင်းလိုက်ဖြစ်နေသည်။

ခပ်လှမ်းလှမ်းမှ လှမ်းကြည့်လျှင် ထိုမြင်ကွင်းတစ်ခုလုံးမှာ မိုးမြူမှုန်များဖြင့်် မှိုင်းညှို့နေကာ လွမ်းဆွေးဖွယ်ကောင်းလှပေသည်။
 
ပိုင်ရှောင်ချန်းသည်ကား တတ်နိုင်သလောက် အစွမ်းကုန်ပြေးလွှားရင်း အသားများမှာ တဆတ်ဆတ်တုန်ရီနေသည်။ လမ်းတစ်လျှောက်တွင် အတားအဆီးများပေါ်လာပါက မြေကြီးကိုခြေဖြင့်ဆောင့်ကာ လေထဲသို့ ခုန်ခုန်တက်သွားသည်ကို မြင်န်ိုင်သည်။ သူသည် လေးကြိုးကနေလွှတ်လိုက်သော မြှားတစ်ချောင်းအလား လေကိုခွင်းကာ ပြေးလွှားနေသည်။

" အသက်ရှင်မှရမယ်။ ခင်ဗျားတို့တွေ... အသက်ရှင်မှရမယ်နော်...." သူ၏ စိတ်ထဲတွင် တုလင်ဖေးနှင့် ဟိုယွင်ဖေးတို့၏ ပုံရိပ်များပေါ်လာသောအခါ သူက ထိုစကားလုံးများကိုသာ ရေရွတ်နေမိတော့သည်။
 
သေမင်း၏ အရိပ်မည်းကြီးမှာ မိုးရေစက်များနှင့်အတူ သူ၏ပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားသဖြင့် သူ့အမြင်တွင်အရာလုံးက အေးစက်အသက်မဲ့နေတော့သည်။

ထိုအချိန်တွင် လူရိပ်၉ခုကာ သူ့ဆီသို့ အရပ်မျက်နှာပေါင်းစုံကနေ အပြေးလာနေကြသ​ည်။ သူနှင့်အဝေးဆုံးလူက ချိန်ဟန်ဖြစ်သော်လည်း သူကအမြန်ဆုံးပင်ဖြစ်သ​ည်။ သူက မိုးရေစက်များကို ဓားတစ်ချောင်းအလား ဖောက်ထွက်လာပြီး အလင်းတန်းပမာဖြစ်နေသည်။ သူ၏အရှိန်မှာပို၍ မြန်မြန်လာသဖြင့် ထစ်ချုန်းသံများပင် ပဲ့တင်ထပ်နေတော့သည်။

" မင်းလွတ်မှာမဟုတ်ဘူး။ ဘယ်သူမှ ငါတို့ခေါင်းဆောင်ရဲ့ မန္တန်အစီအရင်ထဲက လွတ်အောင်မပြေးနိုင်ဘူး။" သူက သတ်ဖြတ်လိုသောစိတ်များပြည့်နှက်နေသည့် မျက်လုံးများနှင့်ကြည့်ကာ လှမ်းအော်ပြောလိုက်သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းသား၃ယောက်သည် သူ့ဆီမှရက်ပေါင်းများစွာရှောင်တိမ်းကာ သူတို့ခေါင်းဆောင်၏ မန္တန်အစီအရင် အစွန်းနားထိပင် ရောက်အောင်သွားနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားပေ။ ယခုသူတို့အဖွဲ့ လိုက်ဖမ်းနေသော ဂိုဏ်းသားက ချိန်ယွဲ့ကိုသာမက ကျန်လောချိန်မျိုးနွယ်စုဝင်များကိုပါ သတ်ဖြတ်ခဲ့သည်အထိ အစွမ်းထက်သောကျင့်ကြံခြင်းအခြေခံတစ်ခုရှိသည်ကို သူသိလိုက်သည်။
  
ချိန်ဟန်က ထိုသူမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတောင်ဘက်ပိုင်းမှာ ကျော်ကြားသောလက်ရွေးစင်တစ်ယောက်ဖြစ်ပြီး ရှန်ကွမ်းထျန်ယုံ သို့မဟုတ် လုထျန်းလဲ့ တစ်ယောက်ယောက်ပင်ဖြစ်ရမည်ဟု ထင်မှတ်သွားတော့သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ဘက်ခြမ်း၏ ကိစ္စရပ်များကို မြောက်ဘက်ခြမ်းက ဝင်ရောက်စွပ်ဖက်လေ့မရှိသောကြောင့်ပင်ဖြစ်သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Donde viven las historias. Descúbrelo ahora