အခန်း(၅၉)

1.2K 189 0
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ  Ergen

အခန်း(၅၉)
မင်းသေမယ်...ငါအသက်ရှင််မယ်

ချိန်ဟန်၏ သတိပေးသံထွက်လာချိန်မှာပင် သစ််ပင်တွင်ကပ်နေသော ပိုင်ရှောင်ချန်းက မော့ကြည့်လိုက်သည်။ သူကစူးရှသောအကြည့်ဖြင့် နာကျင်နေသောဒဏ်ရာကိုဂရုမစိုက်ဘဲ သူ့ပခုံးတွင်စိုက်နေသည့် မြားကို သွေးအေးအေးဆွဲနှုတ်လိုက်သည်။

ထိုမြားနှင့်အတူ သွေးများနှင့် အသားစများပါ ထွက်လာတော့သည်။ နာကျင်လွန်းလှသည့်အတွက် ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်နေသည်။ သို့သော်လည်း သူကနာကျင်မှုကို မျိုသိပ်ရင်း ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်းကို ထုတ်သုံးလိုက်သည်။ ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့အတတ်ကို သုံးရင်း ထိုမြားကို လောချိန်မျိုးနွယ်စုဝင် ကျင့်ကြံသူထံသို့ ပြန်၍ပစ်လွှတ်လိုက်သ​ည်။ ထိုမြားမှာ လေကိုခွင်းကာ လျင်မြန်စွာထွက်သွားတော့သည်။

   ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့အတတ်ကို သုံးထားသည့်အတွက်ကြောင့် ထိုမြား၏ပြင်းအားမှာ တောင်တစ်လုံးပစ်လွှတ်လိုက်သည့်အလား ရှိသည်။

တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းက မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သူ၏သစ်သားဓားကို ဒုတိယတိုက်ကွက်အဖြစ် ပစ်လွှတ်လိုက်သည်။ ထိုအခါ မှိုင်းညှို့ညှို့ အခိုးအငွေ့တစ်ခုပင် ထွက်ပေါ်လာသည်။ လောချိန်မျိုးနွယ်စုဝင်များနှင့် ဆက်တိုက်ယှဥ်ပြိုင်တိုက်ခိုက်​နေရသည့်အတွက် ပိုင်ရှောင်ချန်းမှာ တိုက်ပွဲအတွေ့အကြုံများကို ကောင်းကောင်းနားလည်နေပြီဖြစ်သ​ည်။

ထို့အပြင် သူ၏အရိုးထဲမှာ ပုန်းကွယ်နေခဲ့သည့် တိုက်ခိုက်ရာတွင်​     အံ့မခန်းပါရမီရှိခြင်းတွေက ယခုကဲ့သို့ သေရေးရှင်ရေးနှင့် ရင်ဆိုင်လာရသည့်အခါ ပေါ်ထွက်လာသည်။

မြားနောက်တစ်ချောင်းထပ်ပစ်ရန် ဟန်ပြင်နေသော လောချိန်မျိုးနွယ်စုဝင်ကျင့်ကြံသူမှာ အံ့အားသင့်သွားတော့သည်။ ပိုင်ရှောင်ချန်း ထိုမျှကြမ်းတမ်းကာ သွေးအေးမည်ဟု သူ မထင်ထားပေ။ ဤကဲ့သို့ တန်ပြန်တိုက်ခိုက်မှုလုပ်နိုင်အောင် ပိုင်ရှောင်ချန်းက မြားကိုတမင်အမှန်ခံလိုက်ခြင်းဖြစ်နိုင်ကြောင်း သူရိပ်မိသွားတော့သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Donde viven las historias. Descúbrelo ahora