အခန်း(၉၉)

1.2K 184 4
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း ( ၉၉ )
ဒေါက် ဒေါက် ဒေါက်

ကျိုးရှင်းချီမှာ မျက်နှာအနည်းငယ် ပျက်သွားတော့သည်။ သူမ၏ အင်မော်တယ်ဂူမှာ ပိုင်ရှောင်ချန်းနှင့် မျက်နာချင်းဆိုင် တည့်တည့်တွင် ရှိနေလိမ့်မည်ဟု မတွေးခဲ့မိဖူးပေ။ အပြင်စည်းဂိုဏ်းသားဘဝတွင် ပိုင်ရှောင်ချန်းက လူတိုင်းကို သူ့အား ဂိုဏ်းတူဦးလေးပိုင်ဟု လိုက်၍ခေါ်ခိုင်းရသည်ကို နှစ်ခြိုက်ကြောင်း သူမ ကောင်းကောင်းသိလေသည်။ ထို့ကြောင့် သူမက သူ့ကို အမြဲရှောင်ရှားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ သူက သူမ၏ရှေ့တည့်တည့်တွင် ရပ်နေပြီဖြစ်သည်။

အသက်ပြင်းပြင်းရှူလိုက်ပြီး သူမက တည်ကြည်စွာ နှုတ်ဆက်လိုက်လေသည်။
" မ....မင်္ဂလာပါ ဂိုဏ်းတူဦးလေပိုင်။" ထို့နောက် သူမက သူ့ကိုပင်မကြည့်တော့ပဲ သူမ၏ မိုးပြာရောင်အဝတ်စပေါ်သို့တက်ကာ လေပေါ်သို့ ပျံတက်သွားတော့သည်။ သူမ၏အလှတရားကြောင့် သူမသည် အင်မော်တယ် အမျိုးသမီးတစ်ယောက်အလားပင် ဖြစ်နေတော့သည်။ ထို့ကြောင့်လည်း သူမက ကပ်ဖားယပ်ဖားလုပ်သူများကို ရှောင်ရှားရန်  အမြဲလိုလို ထိုသို့ပျံသန်းခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူမကို ချဥ်းကပ်ရသည်မှာ အနည်းငယ်ခက်ခဲနေရခြင်းပင်။

ပိုင်ရှောင်ချန်းကမူ ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်အလား ပျော်ရွှင်စွာ လက်ကိုနောက်ပစ်ကာ ကျိုးရှင်းချီ ပျံသန်းထွက်ခွာသွားသည်ကို ကြည့်နေတော့သည်။ သူမ၏ အပြုမူကို သူက စိတ်ထဲထားမနေတော့ပေ။ သူလိုချင်သည့်အရာမှာ ဂိုဏ်းတူဦးလေးပိုင်ဟု အခေါ်ခံရခြင်းသာ ဖြစ်သည်။

သူမထွက်ခွာပြီးသွားသောအခါ သူက သူ၏ အင်မော်တယ်ဂူသို့ပြန်သွားပြီး ယနေ့အတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်လိုက်ပြီဟု တွေးနေတော့သည်။ ဂူအတွင်းတွင် သူက နဂါးလိုဆင်လိုအဏ္ဏဝါ ကျမ်းစာကိုထုတ်လိုက်ပြီး အနီးကပ် လေ့လာကြည့်ရှုလိုက်လေသည်။ ထိုသို့ကြည့်ရင်း ပြီးခဲ့သောတိုက်ပွဲတုံးက ဝိညာဥ်စွယ်၏ စွမ်းအားကြီးမားပုံများကို ပြန်တွေးမိသွားသဖြင့် သူ၏အမူအရာမှာ အလွန်တည်ကြည်သွားတော့သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now