အခန်း(၁) ဒီအခန်းထဲကို ဝင်လာဖို့ မင်းမှာ ဘာအခွင့်ရှိလို့လဲ။

126K 3.7K 130
                                    

ရီဖန်လမ်းက နာမည်ကြီးပြီး ထင်ရှားကျော်ကြားသော အဆင့်အတန်းမြင့်အသိုင်းအဝိုင်းများနေထိုင်ရာ သီးသန့်ဗီလာများ တည်ရှိရာ နေရာတစ်ခုဖြစ်သည်။

ဥရောပဆန်ဆန် လက်ရာမြောက်ပြီး အထက်တန်းဆန်သော ဗီလာရှိရာ အိမ်ရာဝင်းအတွင်းသို့ အမဲရောင် Audi Q7 ကားလေးက ဖြည်းဖြည်းနဲ့မှန်မှန်မောင်းဝင်သွားပြီး ဗီလာအရှေ့တွင် ရပ်လိုက်သည်။

"သခင်လေး ပြန်လာပြီလား။"

အိမ်တော်ထိန်း ရှီက ကားထဲက ထွက်လာတဲ့ကောင်လေးကို တရိုတသေနှုတ်ဆက်ပြီး ကားသော့ကို လှမ်းယူကာ မေးလိုက်သည်။

"ဟုတ်ကဲ့"

ဝမ်နျဲ့နျန်က သူ့ရဲ့အပေါ်ဝတ်ကိုချွတ်လိုက်ပြီး လည်ပင်းကိုပွတ်သပ်ကာ သူ့စိတ်ထဲက တွေးနေမိတဲ့ တစ်စုံတစ်ရာကိုမေးလိုက်သည်။

"သူ ပြန်ရောက်ပြီလား။"

သူ့ရဲ့ ခြေလှမ်းတွေက အိမ်ထဲဆီသို့ ဦးတည်ဝင်သွားပြီး သူ့မေးခွန်းအတွက် ကောင်းမွန်တဲ့အဖြေတစ်ခုပြန်ရဖို့ကိုလည်း မျှော်လင့်နေသည်။

"သခင်လေးက နေ့လည်ထဲကပြန်ရောက်နေပါပြီ။ တစ်ညလုံးလေယာဉ်စီးလာခဲ့ရတော့ အခု စာကြည့်ခန်းထဲမှာ အနားယူနေပါတယ်။"

ဝမ်နျဲ့နန်က သူကြားချင်တဲ့အဖြေကိုရလိုက်ပြီဖြစ်လို့ ဒုတိယထပ်သို့ အလျင်အမြန်‌ ပြေးတက်သွားခဲ့သည်။

ကုယျန်ရှန်း ....

ထိုသူကို သူ မတွေ့ရတာ တစ်ပတ်တောင်ရှိနေပြီ။ သူအရမ်းလွမ်းနေခဲ့တာ။

သူအလောတလောသွားနေမိတဲ့ခြေလှမ်းတွေက စာကြည့်ခန်းရှေ့မှာရပ်တန့်သွားခဲ့ပြီး သူ့ရဲ့လက်ကိုမြှောက်ကာ အခန်းတံခါးကို ဖြည်းဖြည်းချင်းခေါက်လိုက်သည်။

သူ့မျက်နှာပေါ်က အလွမ်းတွေ မသိသာစေဖို့လည်း သေချာဂရုစိုက်ထားဖို့လိုသေးသည်။

"ယျန်ရှန်း .."

"...."

"ယျန်ရှန်း ငါ ဝင်လာခဲ့လို့ရမလား။ "

အခုချိန်ထိ အသိအမှတ်ပြုတဲ့ တုံ့ပြန်မှုလေးတစ်စွန်းတစ်စတောင် ပြန်မကြားရသေးပေ။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now