အခန်း(၁၃၉) မင်း သူ့ကို ချစ်ခွင့်ပန်မယ့်ကိစ္စကို ငါတားမယ်

7.1K 1K 69
                                    

အခန်း(၁၃၉) မင်း သူ့ကို ချစ်ခွင့်ပန်မယ့်ကိစ္စကို ငါတားမယ်။

"မင်္ဂလာပါ .... Cuckoo စားသောက်ဆိုင်မှ ကြိုဆိုပါတယ်"

ကုယျန်ရှန်းက သူ့ကုတ်အင်္ကျီကိုချွတ်ပြီး ဝန်းထမ်းထံကမ်းပေးကာ ဆိုင်ထဲသို့ ဝင်သွားသည်။

"နျဲ့နျန် အပြန်ကျရင် ငါတို့ ရုပ်ရှင်သွားကြည့်ကြမလား။"

သူ့နောက်ကျောဘက်မှ ကျွမ်းဝင်ပြီးသားအသံတစ်သံကို ကုယျန်ရှန်း ကြားလိုက်ရသည်။ ထိုအသံကြောင့် ကုယျန်ရှန်းရဲ့ခြေလှမ်းတွေရပ်တန့်သွားပြီး အထိတ်တလန့်ဖြင့် ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူနဲ့ သိပ်မဝေးလှတဲ့နေရာက ပြတင်းပေါက်နားရှိစားပွဲတွင်ထိုင်နေသည့် လူနှစ်ယောက်ကို သူတွေ့လိုက်ရသည်?

'ထိုသူတွေက ဝမ်နျဲ့နျန်နဲ့ ထျန်ရှုံးပင်'

ထျန်ရှုံးက ဝမ်နျဲ့နျန်ထံဖုန်းကိုကမ်းပေးပြီး တစ်စုံတစ်ခုကိုပြောနေသည်။ တစ်ဖက်ရှိဝမ်နျဲ့နျန်ကလည်း ထျန်ရှုံးပြတဲ့ဖုန်းထဲမှ အကြောင်းအရာကိုကြည့်ပြီး ပြုံးရယ်နေသည်။

ကုယျန်ရှန်းကတော့ ရပ်နေမြဲတွင်ရပ်မြဲအတိုင်းရှိနေပြီး ဝမ်နျဲ့နျန်နဲ့ ထျန်ရှုံးတို့ကို ကြည့်နေခဲ့သည်။ တည်ငြိမ်နေတဲ့ သူမျက်ဝန်းထဲ၌ ထူးဆန်းမှုအရိပ်အယောင်တွေလည်း ဖြတ်ပြေးနေသည်။

တူညီတဲ့ စားသောက်ဆိုင်တစ်ခုမှာ ပြန်တွေ့ကြတဲ့ တူညီတဲ့လူတွေဖြစ်သော်ငြား ... သူတို့ထဲက တစ်ချို့ရဲ့ ဂုဏ်ပုဒ်တွေက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

'အခုသူက မေးခွန်တွေထုတ်နေဖို့လည်း မဖြစ်နိုင်တော့'.....

"လူကြီးမင်ခင်မျ ... ? ထိုင်ရမယ့်နေရာက အရှေ့မှာပါ။"

"ရတယ် ... ငါ ဒီမှာပဲ ထိုင်လိုက်မယ်။"

ကုယျန်ရှန်းက ထိုင်ခုံကိုအနောက်သို့ဆွဲပြီး သူ့အနီးအနားတွင်ရှိနေသည့် စားပွဲတွင်ပဲ ထိုင်လိုက်သည်။ အခုသူထိုင်လိုက်တဲ့နေရာက စားသောက်ဆိုင်၏အလည်တွင်ထားရှိတဲ့ ပန်းချီကားချပ်နဲ့ ကွယ်နေပြီး သူ့ဘက်ကနေ၍ မျက်နှာချင်းဆိုင်မှာရှိတဲ့လူကိုမြင်နိုင်ပေမယ့် ထိုမျက်နှာချင်းမှာထိုင်နေတဲ့သူကတော့ သူ့ကို မမြင်ရချေ။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now