အခန်း(၁၄၀) ထူးဆန်းသော ဖုန်းခေါ်ဆိုမှု

7.1K 1.1K 87
                                    

အခန်း(၁၄၀) ထူးဆန်းသော ဖုန်းခေါ်ဆိုမှု

ကုယျန်ရှန်းက စားသောက်ဆိုင်ထဲမှထွက်လာခဲ့ပြီး သူ့ခြေလှမ်းတွေက ယိမ်းယိုင်နေကာ မျက်ဝန်းတွေကလည်း ဝေဝါးနေသည်။ ဆိုင်ထဲကအထွက်မှာ မှားယွင်းနေတဲ့ ခြေလှမ်းတွေက ယိုင်နဲ့နေတဲ့ ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ ပြုတ်ကျလုနီးနီးပင် ဖြစ်ခဲ့သည်။ သို့ပေမယ့် သူ့ကိုထိန်းကိုင်ထားပေးတဲ့ လက်တစ်စုံက ရုတ်တရက်ထွက်ပေါ်လာပြီး ထိုသူက အရှေ့တွင်ရပ်ကာ သူ့ကို တွဲထားပေးသည်။ မျက်ဝန်းထဲ ထင်ဟပ်သွားတဲ့ ရောင်ပြန်တစ်ခုနဲ့ ကုယျန်ရှန်း အနည်းငယ်မှင်သက်သွားခဲ့သည်။

"ဝမ် နျဲ့ နျန် "

ထိုသူက ဝမ်နျဲ့နျန်ဖြစ်မယ်လို့ ကုယျန်ရှန်းတွေးခဲ့ပြီး အရှေ့ကလူကို မော့ကြည့်လိုက်သည်။

"ယျန်ရှန်း - မင်း ဘာဖြစ်တာလဲ ယျန်ရှန်း ။"

'ဝမ်နျဲ့နျန် မဟုတ်ဘူးပဲ ....'

ချန်းလုံအန်းက ကုယျန်ရှန်းကို တွဲထားပေးခဲ့တာဖြစ်ပြီး စိုးရိမ်စွာနဲ့ ကြည့်နေခဲ့သည်။

"ရတယ် ... ငါ့ ခေါင်းထဲ မူးနောက်နောက်ဖြစ်နေလို့။ အိမ်ပြန်ပြီး နားလိုက်မယ်"

သူ့ကိုတွဲထူထားပေးတဲ့ လက်တစ်စုံကို တွန်းထုတ်ပစ်ရင်း ကျရှုံးသွားခြင်း' ကို မျက်ဝန်းထဲထွေးပိုက်ထားလိုက်သည်။ အလိုမကျစွာ မှုန်မှိုင်းနေတဲ့ လေသံနဲ့ ကုယျန်ရှန်းက ချန်းလုံအန်းကို မေးလိုက်သည်။

"မင်း ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ။"

"ငါ .... ငါ မင်းကို အရမ်းလွမ်းနေလို့။ မင်း ငါ့ကိုမတွေ့တော့ ငါတို့လာနေကျ စားသောက်ဆိုင်ကိုလာရင် အမှတ်တရတွေကို ပြန်မှတ်မိနိုင်မယ် ထင်လို့ "

ချန်းလုံအန်းက ခေါင်းကိုငုံ့လိုက်ပြီး ထိခိုက်နာကျင်သွားရသည့်အတိုင်း ဟန်ဆောင်ကာ ကုယျန်ရှန်း၏ဘေးတွင် သနားစဖွယ်ရပ်နေခဲ့သည်။ ကုယျန်ရှန်းက သူ့ဘေးရှိချန်းလုံအန်းကို ခနမျှကြည့်ပြီး အကြည့်တို့ပြန်လွှဲလိုက်သည်။ သူ့မျက်ဝန်းတွေက ဘယ်ဘက်လက်သူကြွယ်မှာ ဝတ်ဆင်ထားတဲ့ လက်ထပ်လက်စွပ်အပေါ်၌သာ မြဲနေပြီး မှိုင်းဖျနေတဲ့ မျက်ဝန်းတို့က ပိုလို့ပင် လေးနက်သွားခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now