အခန်း(၁၄၆) အပျက်ကောင် ချန်းလုံအန်းအား ဖမ်းဆီးခြင်း။

6.6K 1K 121
                                    

အခန်း(၁၄၆) အပျက်ကောင် ချန်းလုံအန်းအား ဖမ်းဆီးခြင်း။ 

ဝမ်နျဲ့နျန်က ဖုန်းထုတ်ပြီး ထျန်ရှုံးဆီဆက်သွယ်လိုက်ပေမယ့် တစ်ဖက်၌ ဖုန်းပြန်ဖြေပေးမယ့်သူ ဘယ်သူမှ မရှိဘဲ ဖြစ်နေသည်။ ကင်မရာရှေ့မှာရှိနေတဲ့ ထျန်ရှုံးရဲ့အမူအရာကိုကြည့်ပြီး စိုးရိမ်မှုများကသာ ဝမ်နျဲ့နျန်ရဲ့ မျက်ဝန်းထဲ ပြည့်နေခဲ့သည်။

အချိန်က ညနေစောင်းပင်ရောက်နေပြီဖြစ်ရာ အလုပ်၌ ဝန်းထမ်းများလည်း ပြန်ကုန်ကြပြီဖြစ်သည်။ စန္ဒရားခန်းထဲ၌ ဝမ်နျဲ့နျန်တစ်ယောက်တည်း စန္ဒရားရှေ့မှာ ထိုင်နေပြီး ပြိုင်ပွဲမှာအနိုင်ရခဲ့တဲ့ သံစဉ်ကို တီးနေသည်။ ထိုသံစဉ်က တီးခတ်ဖို့ အချိန်မရှိဖြစ်သွားတဲ့ ထျန်ရှုံးရဲ့အပိုင်းသာ။ 

"....."

အသံတစ်ခုကိုကြားလိုက်ရတဲ့အချိန်မှာ ဝမ်နျဲ့နျန်မှင်သက်သွားပြီး စန္ဒရားတီးနေတာကိုလည်း ရပ်လိုက်သည်။ သူအနောက်ကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ ဘယ်တုန်းကရောက်နေမှန်းမသိဘဲ တံခါးဝ၌ မတ်တပ်ရပ်ကာ သူ့ကို ကြည့်နေတဲ့ ထျန်ရှုံးကို တွေ့လိုက်ရသည်။ ဒီနေ့ပြုလုပ်တဲ့ ညီလာခံမှာတွေ့ခဲ့ရတဲ့အတိုင်း ထျန်ရှုံးက အမဲရောင်ဝတ်စုံကို ဝတ်ထားလျက်ပင်။

"နျဲ့နျန် ... ဒီလောက်နောက်ကျနေပြီကို မင်းဘာလို့ အိမ်မပြန်ရသေးတာလဲ။ မင်းတို့အားလုံး ပြန်ကုန်ပြီလို့ ငါထင်နေတာ"

"ဘယ်အချိန်ကရောက်တာလဲ ထျန်ရှုံး" ဝမ်နျဲ့နျန်က မတ်တပ်ရပ်လိုက်ပြီး ထျန်ရှုံးကိုကြည့်နေရင်းနှင့် အမူအရာကင်းမဲ့စွာ မေးလိုက်သည်။ ထျန်ရှုံးက အရှေ့သို့တိုးလာပြီး စန္ဒရားပေါ်ရှိ ကီးတွေကို ဖြည်းဖြည်းချင်း ထိခတ်လိုက်သည်။

"အခုလေးတင်ပဲ ။ အပြင်ဘက်ကနေ မင်းရဲ့ စန္ဒရားသံကို ကြားနေရတယ်။ ဘာလို့ အခုထိအိမ်မပြန်ရသေးတာလဲ နျဲ့နျန်။ "

"ငါ စန္ဒရားထပ်တီးချင်လို့ ရှိနေတာ ပြီးရင် ပြန်မယ်။ မင်း ... ငါ ဒီနေ့ညီလာခံမှာ မင်းရဲ့သတင်းကိုတွေ့ခဲ့တယ် "

ထျန်ရှုံးရဲ့ မျက်တောင်ဖျားတွေက အနည်းငယ် ပုတ်ခတ်သွားပြီး ထို့နောက်တွင် ထျန်ရှုံးက ရုတ်တရက်ပြုံးလိုက်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now