Black Lotus (ဒီဝတ္ထုလေးထဲက ချစ်တတ်သူတွေ အကြောင်း)

13.2K 1.4K 49
                                    

Black lotus (total240+extra6)

အချစ်အတွက် အရာရာပေးဆပ်ထားတဲ့ ကောင်လေးတစ်ယောက်

(ဝမ်နျဲ့နန်)

သံသယတွေကြားမှာ အမုန်းတွေကိုရှင်သန်စေပြီး စစ်မှန်တဲ့အချစ်တစ်ခုကို ရှာမတွေ့နိုင်ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်

(ကုယျန်ရှန်း)

လက်ထပ်ပြီး သုံးနှစ်တာကြာမြင်ခဲ့တဲ့ အတောအတွင်းမှာ နျဲ့နန်က သူ့အပေါ်အထင်လွဲနေတဲ့ ကုယျန်ရှန်းရဲ့ သံသယတွေကို ပြောင်းလဲပြီး သူ့ကို ပြန်ချစ်လာဖို့ကြိုးစားခဲ့တယ်။ သို့ပေမယ့် ကုယျန်ရှန်းရဲ့ အေးစက်တဲ့ စကားလုံးတွေနဲ့ နာကျင်မှုတွေကိုသာ သူ ပြန်ရခဲ့တယ်။

ကုယျန်ရှန်းကလည်း လွန်ခဲ့တဲ့ သုံးနှစ်က သူချစ်ရတဲ့သူကို ချောက်ချပြီး အဝေးကိုထွက်သွားဖို့ ဖိအားပေးခဲ့တဲ့အကြောင်းအရာအားလုံးက ဝမ်နျဲ့နန်ရဲ့ အကြံတွေလို့ ထင်နေခဲ့ပြီး ဝမ်နျဲ့နန်ကို မုန်းနေခဲ့တယ်။ သူက သုံးနှစ်လုံးလုံး ပျောက်ကွယ်သွားတဲ့ သူ့ရဲ့ ချစ်သူ ချန်လုံအမ်းကိုပဲ ရှာဖွေနေခဲ့သလို သူ့ချစ်သူကိုမကာကွယ်ပေးနိုင်တာကလည်း သူ့အမှားကြောင့်ဆိုပြီး သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်။

သုံးနှစ်တာ ကြာမြင့်ပြီးတဲ့နောက်မှာ ကုယျန်ရှန်းက သူအရမ်းပြန်တွေ့ချင်ခဲ့တဲ့ ချန်လုံအမ်းနဲ့ ပြန်တွေ့ခဲ့ပြီး ဝမ်နျဲ့နန်နဲ့ ကွာရှင်းဖို့ ကြိုးစားခဲ့တယ် ။

⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛

ဝမ်နျဲ့နန်.....  သူဟာ အချစ်အတွက် အရာရာကိုပေးဆပ်ပြီး သူချစ်ရသူရဲ့အနားမှာနေနိုင်ဖို့ နာကျင်မှုတွေကို ထွေးပွေ့ခံစားပြီး နေနေခဲ့တဲ့ သူတစ်ယောက်ဆိုရင်

ကုယျန်ရှန်းကလည်း အရမ်းကိုအချစ်ကြီးလွန်းလို့ သူချစ်တဲ့သူအပေါ်မှာပဲ အရာရာကို ပုံအောပြီး ယုံစားတတ်တဲ့ သူတစ်ယောက်ပါ။

လက်ရှိ ဒီဝတ္ထုလေးကို ဖတ်ပြီး သလောက်ဆိုရင်တော့ ကုယျန်ရှန်းကို အရမ်းကို မုန်းနေကြမှာပေါ့နော် ။ နှစ်ယောက်လုံးက အချစ်အတွက် နာကျင်ကြရတဲ့ သူတွေပါ။ y ဒီဇာတ်လမ်းလေးကို စစဖတ်တုန်းက ကုယျန်ရှန်းကို အရမ်းစိတ်တိုတယ် ။ ပြီးတော့ နျဲ့နန်အပေါ် ဒီလောက်ထိလုပ်ထားပြီး တနေ့မှာ အမှန်တရားကို သူသိခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုပြီး သိချင်ခဲ့တယ်။ အမှန်အတိုင်းပြောရရင် သူ ဘယ်လိုနာကျင်မလဲဆိုတာကို ပျော်ပျော်ကြီး ကြည့်ချင်တာ ။ ဒါပေမယ့် တဖြည်းဖြည်း ဇာတ်လမ်းသုံးပုံတစ်ပုံလောက်ထိဖတ်ပြီးတဲ့ အခါကျတော့ သူ့အပေါ်မှာ ခံစားချက်တွေ ပြောင်းလဲကုန်တယ် ။ အဆုံးသတ်မှာ အနာကျင်ရဆုံးသူက သူဖြစ်နေမလားလို့ တွေးမိပြန်တယ်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Donde viven las historias. Descúbrelo ahora